မြန်မာနိုင်ငံရဲ့ နောက်ဆုံးပေါ် ပညာရေးအခြေအနေကိုတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ အပေါ်ယံအနေနဲ့ကတော့ လူတိုင်းစာတတ်မြောက်ရေးအတွက် အခြေခံ မူလတန်းပညာကို မသင်မနေရ ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း တကယ်တန်းမှာတော့ သူငယ်တန်းတက်ချင် ရင်တောင် ကျောင်းကိုအလှူမပေးနိုင်ရင် တက်ဖို့ မလွယ်ကူ နိုင်ပါဘူး။ မိဘတွေဆိုရင်လည်း ဆရာ၊ဆရာမတွေကို သူတို့ သားသမီး စာမေးပွဲအောင်မြင်ဖို့ အတွက် လက်ဆောင် ပဏ္ဍာ မပေးခဲ့ရတဲ့မိဘဆိုတာ မရှိသလောက်ပါဘဲ။ ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်ပြန်ရင်လည်း major ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်မယူမိပြန်ရင် စာမေးပွဲကကျ ပြန်ရော။ ကျူရှင်ယူနိုင်ရင် လက်ဆောင်ပေးနိုင်ရင် စာမေးပွဲ အောင်နိုင်တဲ့ပညာရေး စနစ်ဆိုတာတော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်နော်။ အနာဂတ်လူငယ်မောင်မယ်တွေရဲ့ ပညာ ရေးကတော့ မတွေးရဲပါဘူး။ ပညာမတတ်ကြပဲနဲ့ ဘွဲ့တွေရကုန်ကြတာပါ။ တကယ်တမ်းတိုင်းပြည်ပြန်လည် ထူထောင်ရေးလုပ်တော့မယ်ဆိုရင်အဓိက လိုအပ်တာက ပညာတတ်တဲ့လူငယ်တွေပါ။ ပညာတတ်ဆိုတာလည်း မြန်မာပြည်မှာမရှိသလောက်ပါ။ ရှိရင်လည်း နေရာမရပါဘူး။ နောက်တန်းမှာပဲနေရတာပါ။ ဒါကြောင့် တတ်နိုင်တဲ့ မိဘတွေက သူတို့သား၊သမီးတွေကို နိုင်ငံခြားကျောင်းတွေမှာ ထားတယ်၊ ဒါမှလည်းသူတို့သားသမီးတွေဘ၀က စိတ်အေးရမှာလေ။ မြန်မာနိုင်ငံရဲ့ပညာတတ် အနာဂတ်လူငယ် တွေတော်တော်များများဟာ အခု ဆိုရင်မြန်မာပြည်မှာ မရှိသလောက်ပါပဲ။ မြန်မာပြည်မှာ ရှိတဲ့ဘွဲ့ရဆိုတာကလည်း ပညာမတတ်ပါဘူး။ အလွတ်ကျက် ၊ကျူရှင်တက်ပြိးအောင်တာဆိုတော့ ၊တကယ်တမ်းအလုပ်ခွင်မှာ ဆိုရင်လုပ်သက်အရ လုပ်ငန်းကျွမ်းကျင်မှုနဲ့ပဲအလုပ်လုပ်နေကြတာပါ။ဘွဲ့ရလို့အလုပ်သွားတော့လျှောက်တော့လည်း အခြေခံလစာက ၃၀၀၀၀ တဲ့လေ။ ဆန်တပြည် အနည်းဆုံး ၈၀၀ိ/- ဖြစ်နေတဲ့အချိန်မှာ တစ်ဝမ်းတစ်ခါးဝအောင်စားဖို့က ဘွဲ့ရပညာတတ်တွေအတွက်မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေပါ ပြီ ဒါကြောင့် ဘွဲ့တစ်ခုရတဲ့ ဘွဲ့ရပညာတတ် တွေဆိုတဲ့မြန်မာပြည်ကလူငယ်မောင်မယ်တွေအတွက်က တော်တော်ကို ရင်လေးဖို့ကောင်းပါတယ်။ ဒါက ပညာရေးနဲ့ ပတ်သက်တဲ့ကဏ္ဍပဲရှိပါသေးတယ်။စီးပွားရေးမှာကျတော့လည်း....... မြန်မာပြည်ရဲ့လုပ်ငန်းကြိး တော်တော်များများကလည်း စစ်အစိုးရအဖွဲ့အစည်း ကလူတွေပါပဲ။ ပြည်သူတွေတော်တော်များများက သူတို့တွေရဲ့လက်အောက်မှာပါ။သူတို့လက်အောက်မှာ အလုပ်လုပ်ရတော့၊သူတို့လခစားဖြစ်ပြီး သူတို့ရဲ့ policy အတိုင်း ခေါင်းငုံ့ရတော့တာပေါ့။ ကျောက်မျက်ရတနာလည်း "ထူး" ၊ ရန်ကုန်ဘောလုံးအသင်းကျတော့လည်း "ထူး"၊ ဒီကြားထဲမှာ ဗိုလ်ချုပ်မှုးကြီးကတော် ဒေါ်ကြိုင်ကြိုင် တို့ကလည်း "Ocean" တို့ “ CityMart “ မှာရှယ်ယာပါသေးတယ်နိုင်ငံခြား Export & Import သစ်လုပ်ငန်းတွေမှာလည်း "ထူး" ပါပဲ။ လေကြောင်းမှာကျတော့လည်း Air Bagan ဆိုပြီး"ထူး"၊ ရပ်ကွက်ထဲက ဆိုက္ကားသမား တွေတောင်သူတို့ကို ကြောက်နေရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ "ထူး" ဆိုပြီးဝင်လာရင် ထမင်းငတ်ကြမှာတဲ့လေ။ ဒါကမြန်မာနိုင်ငံရဲ့စိးပွားရေးအခြေအနေပါ။ ပြောချင်တာက တော့ မြန်မာနိုင်ငံရဲ့အဓိက စီးပွားရေးကိုအုပ်ချုပ်ထားတာက စစ်အစိုးရဆိုတာပါ။ အခုတောင်မောင်တေဇ ဦးစီးပြီးတော့ ပူတာအိုမှာ ရှိတဲ့ “ ခါကာဘိုရာဇီ “တောင်ကို ကမ္ဘာလှည့်ခရီးးသွားတွေ လာအောင်ဆိုပြီး စီးပွားရေး အကွက်တွေ သူတို့ဦးစီးပြီး လုပ်နေကြပြန်ပြီ။ကျွန်တော်တို့မသိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်တောင်ရှိဦးမယ်ဆိုတာခန်းမှန်းလို့တောင်မရနိုင်ပါဘူး။
လမ်းဘေး ဂျာနယ် ရောင်းတာတောင် ဖမ်းတယ် ဗျာ။ ”လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်” ဆိုတာ တကယ်မှန်ပါတယ်ဗျာ။ ဒါ မြန်မာပြည်ရဲ့ နောက်ဆုံးပေါ် စီးပွားရေး စနစ်ပဲ။
ဘာသာရေး.........ဘာသာရေးကတော့ တစ်ကမ္ဘာလုံးသိကျတဲ့ အတိုင်းပါပဲ၊ ဘုရားသားတော်တွေ ဖြစ်တဲ့ ဘုန်းကြီးတွေ တောင် ရိုက်နှက် သတ်ဖြတ် တာ တော်တော့်ကိကြောက်ဖို့ကောင်းပါတယ်။ 2007,Setemper ဆိုတာ မမေ့ နိုင်စရာပါပဲ။ အရမ်း လဲဝမ်းနည်းပါတယ်၊ စိတ်ပျက် မိလို့ အားလုံးလဲ သိပြီးသားမို့ ဘာသာရေး ကို ဒီလောက်ပဲ ရေးပါရစေ။
လူမှုရေး..............လူမှုရေး က တော့ ဘယ်လိုရေးရ မှန်းတောင် မသိတော့ဘူး။ အပေါ်မှာ ရေးထားတဲ့ အကြောင်း အရာ တွေအားလုံးဟာ လူမှုရေးတွေကြီးပါပဲ ။ အထက်မှာဖော်ပြ ထားတဲ့ အရာအားလုံး ဟာလဲ ကောင်းတာ တစ်ခုမှ မပါပါဘူး။ အဲဒီတော့ လူမှုရေးလဲ မကောင်း ပါဘူး ခဗျာ။
မြန်မာနိုင်ငံ ရဲ့ကျန်းမာရေး ..........အခြေအနေတွေကို ပြန်ကြည့်ကြရအောင်။ ကျမ်းမာရေး ရှုဒေါင်ကပေါူ့တစ်ယောက်ကျမ်းမာရေးမကောင်းလို့ ကျမ်းမာရေးအခြေအနေတစ်ခုခုကြောင့် ဆေးရုံတက်ရမယ်ဆိုရင်ဖြင့် အဲဒီလူဟာ နိုင်ငံတာဝန်ထမ်းတဲ့ ၀န်ထမ်း လား၊ သာမာန် လူလား ကိုယ်မှာရှိတဲ့ ပိုက်ဆံနဲ့ အခြေအနေကိုကြည့်ပြီး လုပ်ရတာပါ။ရန်ကုန် ဆေးရုံ ကြီး ဆိုတာလဲ ဆေးရုံတက်တာနဲ့ အရက်ပြန်တို့ ဂွမ်း တို့ ဆိုတာ က အစ ၀ယ်ရတာပါ. ဒါလူတိုင်းသိပါတယ်။ပုဂ္ဂလိက ဆေးရုံ ဆိုတာကတော့ ကိုယ်မှာရှိတဲ့ ပိုက်ဆံ နဲ့ ကိုယ့်အသက်ကိုပါပေးရတာပါ။ ဒါ တကယ်ဖြစ်နေတာကိုကျွန်တော်ရေးမှာပါ "နာမည်က မခိုင်ရွှမ်းလဲ့ရည် အသက်က-၁၅ နှစ် ၉-တန်းကျောင်းသူ ဘယ်လောက်နှမျောဘို့ကောင်းသလဲ... အောက်တိုဘာလ-၂၅ ရက်နေ့က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဗိုက်နာလို့ ရွှေဂုံတိုင် SSC ဆေးခန်း မှာ ဆေးသွားကုတာ ဒေါက်တာ ကြည်စိုး တဲ့ ဆုံးဖြတ်ချက် မှားပြိး သွေးလွန်တုတ်ကွေးဖြစ်တာကို အူအတက်ပေါက်တယ်ဆိုပြီး ခွဲစိတ်တာ ၂၇- ရက်နေ့ ကျတော့ မခိုင်ရွှမ်းလဲ့ရည် ခမျာ ကွယ်လွန်ခဲ့ပါတယ်။ ဦကြည်စိုး ကသူ၏သမီး ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ပါဘူး ။ အဓိက က ကျွန်တော်ပြောချင်တာ အခုမြန်မာနိုင်ငံက နောက်ဆုံးကျန်းမာရေး အခြေအနေကိုပြောချင်တာပါ။ဲ ဒီလောက်ညံ့ဖျင်းတဲ့ ဆရာဝန်တွေ ကျွန်တော်တို့မြန်မာနိုင်ငံ မှာ ဘယ်လောက်များများ ရှိနေသလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကလည်းပညာရေးနဲ့ဆက်ဆိုင်နေတယ်။ ဆေးတက္ကသိုလ်ကြိးမှာလည်း ကျောင်းမတက်ပဲကျူရှင်တက်၊ ဆရာတွေကို လာဘ်ထိုးရင်မေးခွန်းရပြီး အောင်နိုင်လို့ဒီလို အရည်အချင်းမရှိတဲ့ဆရာဝန်တွေ ဖြစ်လာတာပေါ့။
ဒါတွေဟာမြန်မာပြည်ကြီးမှာလက်ရှိဖြစ်ပျက်နေတဲ့ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ၊ ကျန်းမာရေးအခြေအနေတွေပေါ့။
ဆက်လက်ရေးသားပါဦးမယ်
ရေးသားတင်ပြသူ-တင်ညီညီထိုက်
No comments:
Post a Comment