Thursday, 17 December 2009

ဗိုလ်ချုပ်မှူးကြီးသည် ဘယ်သောအခါမှ လိုချင်တာအကိုက် မပေး၊ လိုချင်တဲ့ အချိန်ကိုက် မပေး


ဒီ သတင်းမျိုး ရေးရတာ က သိပ် တော့ အား မရှိပါဘူး ။အရင် ရက်တွေ က ရေးဘော် ရေးဘက်တွေ တင်တဲဒီ လို မျိုး တခြား သတင်းတွေ လည်း အများကြီး ရှိပါတယ်။သို့ပေမဲ့ တကယ် လက်တွေ့ ဖြစ် မလာ တာ က များပါတယ်။
လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အခု ကြား ရ တာ လေး ရေးပြတာပါ။အခုရက်ပိုင်း တော့ ၊ ဘာ ဒသင်း မှ ထူး လာ မှာ ၊ ဟုတ် တေး ၀ူး တဲ့ ဂျ။လာမဲ့ နောက် နှစ် ၊ သင်္ကြန် အပြီး ၊ အေပြီ လ ကျ မှ ၊ စ ကြေငြာ မှာတဲ့ ဂျ ၊အဲဒီ အခါ ကျ မှ ဥပဒေ တွေ ဘာ တွေ ထုတ်ပြီး ၊ ရွေးကောက်ပွဲ ကော်မရှင် တွေဖွဲ့ ကြ မှ တဲ့ ဂျ ။ အစိုးရ အဖွဲ့ က လဲ အသစ် လိုလို ၊ ခနဘန်း အစိုးရလိုလို ၊ကြီးကြပ်ရေး အစိုးရ လိုလို ၊ အိမ်စောင့် အစိုးရ လိုလို ၊နောက် တခါ ပြန် မခန့် ၊ ရာထူး မရ တော့ မဲ့ ၊ လူကြီး တွေ နဲ့ ဘဲဝန်ကြီးဌာန ၂ခု ၃ ခု ကို ၀န်ကြီးလိုလို ၊ စုပေါင်းဝန်ကြီး လိုလို နဲ့ ၊ဘတ် ဂျက် ရီယားအသစ် ၊ဖွဲ့စည်းပုံ အသစ် တွေ နဲ့ ခန ထား ခဲ့ ကြ မှာ တဲ့ ဂျ ။ဟို ရွေးကောက်ပွဲကြီး က တော့ နှစ်ကုန် ခါနီး ၂၀၁၀ ၊ ဒီဇင်ဘာ လ မှ လုပ် ကြမှာ တဲ့ခင် ဂျ။အဲ ဂ လို ကြား ရ တာ ဘဲ ခင် ဂျ ။
အခု တလော ၊ အစိုးရ က မီဒီယာ ကို သိပ် ဂရုစိုက် ပါတယ်။မီဒီယာ က ကြို ပြီး သတင်း ရေးတာ ၊ ဝေ ဖန် တာ လုပ် ရင် ၊ အဲဒီ သတင်းအတိုင်းလိုက် မလုပ်တော့ ပါဘူး ၊ မ တူ တဲ့ တ မျိုး ပြောင်း ပြီး လုပ် ပစ်လိုက်ပါတယ်။ဒါကြောင့် အပေါ် က သတင်း ကို ၊ အရေး မကြီး တဲ့ သတင်း လို ခလေး ပြောနည်းနဲ့ ၊ပေါ တော တော သတင်းဖြစ် အောင် ၊ စကား ကို ပီ သ အောင် မပြော လိုက်တာ ပါ။သီးခံ ဖတ်ရှု ကြပါ ခင်ဗျာ ။
ဗမာပြည် မှာ ဘီဘီစီ ၊ အာအက်အေ ၊ ဗွီအိုအေ ပုံမှန် စွဲစွဲ မြဲမြဲ နားထောင်တဲ့ပရိတ် သတ် က တော့ အစိုးရ ပါဘဲ ၊ ဒီ လို ရှိ သမျှ နားထောင် ပြီး ၊အစီရင်ခံစာ တွေ ၊နေ့စဉ် တင် ရတဲ့ ဌာန တွေ ကို ၂၀ လောက် ရှိပါတယ် ၊ ရှိ သမျှ လုံးစေ့ပါတ်စေ့အကုန်ရေးပြီး တင် လိုက် ရ တဲ့ အစီရင် ခံစာ က တနေ့ ကို ၃ ပိသာ အထက် မှာရှိပါတယ်။
ရှိ သမျှ ၀က်ဆိုဒ်တွေ ၊ သတင်းဌာန တွေ ဒီဗွီဗွီ ၊ ဧရာဝတီ ၊ မိုးသီးဇွန် ၊နစ်နေမန်း ၊ခေတ်ပြိုင် ရှိ သမျှ အကုန်ဖတ် ဘို့ ၊ သတင်းတပ်ဖွဲ့ တွေ တောင် တာဝန်ပေးထားပါတယ်။ဖိုရမ်တွေ ဘလောက် တွေ ကို လဲ ဒီ အတိုင်းပါဘဲ ၊ဒီ လို မြန်မာ ကျူးပစ် ဇိုရမ်ကြီး ကို မဆိုထား နဲ့ ၊ ၀ါသနာ ပါလို့ ကိုယ့်စိတ်ကြိုက် ကိုယ်ရေးနေကြတဲ့ ပါစင်နယ် ဘလောက် အသေး လေး တွေ ကို ပါ အကုန်ဖတ် ပြီး ကူးပါတယ်။
ဝန်ထမ်း တွေ နဲ့ ပါတ်သက်လို့ ဘီဘီစီ မှာ သတင်း ပြောတာ ကြေငြာတာတွေ ပါလာရင်ပြန်လှန် လျောက်လဲ ချက် မရှိ ၊ သေ ပေ တော့ ဘဲ ၊ ဒီ ကောင် ကို ဖြုတ် ပစ်လိုက်တော့တွေ့ လား ၊ ဟို မှာ ဘီဘီစီ က တောင် ပြော နေပီး ၊ တန်း ပြီး ၊အရေးယူတော့တာပါ။ဘီဘီစီ က လဲ သူ့ ထံ ရေး လာ တဲ့ စာ တွေ ကို ဖတ်ပြယုံ ဘဲ ဖတ်ပြတာပါ။ဘီဘီစီ က လဲ ဒီ မြန်မာပြည် မှာ နေတာ ၊ ကိုယ်တိုင်တွေ့ တာ မှ မဟုတ်တာ ပါ။
ဒီကနေ့ ၊ သတင်းစာ နောက်ကြော တွေ မှာ စာလုံး အကြီးကြီးတွေ နဲ့ဘီဘီစီ ညာနေသည်။ အာအက်အေ ရန်တိုက်ပေးနေသည်။ ဗွီအိုအေ ဘာ ဖြစ်နေသည်လို့ သာ တခန်း တနား ရေးထားတာပါ ၊ လက် တွေ့ ကျ တော့ ၊ဟို က ဘာ သတင်း ကို ဘဲ ပြော လိုက် ၊ ပြော လိုက် ၊ဒီ က လူတွေ ၊ အစိုးရ မင်း တွေ ၊ က သဲ သဲ လှုပ် ဖြစ် နေ ကြ တာ ပါ ဘဲ ၊ ခင်ဗျာ ။
ကျွန်တော် တို့ ဆီ က တချို့ လူတွေ က လဲ မကောင်း ဘူး ခင် ဗျ။ကိုယ့် ရွာ က ကျောင်း ဆရာ ကို ကြည့် မရ ရင် ဘီဘီစီ ကို စာ ရေး ၊ကိုယ့် မြို့ က မြူ နီ စပါယ် မင်း ကေု ဆော် ချင် ရင် လဲ ဘီဘီစီ ကို လှမ်းအော်လိုက် နဲ့၊အတော် လဲ ဟုတ် နေ ကြ ပေါ့ ဗျာ။အင်း ပေါ့ လေ ၊ ကိုယ် ပြည် တွင်း က ရ နိုင် တဲ့ သတင်း က လဲ မယုံ ရဆိုတော့ဟော ဒီ မှာ ၊ ဘီဘီစီ မှာ ပါ လာ ပီ။ အာအက်အေ က တောင် ပြော နေပီ ၊အင်တာနက် ပေါ် မှာ ရေး ထား တယ် ဆိုတာ နဲ့ အရင် ဆုံး က ၊ ဟုတ် နိုးနိုးထင်ရတော့ ပါ။
အင်း ရွေးကောက်ပွဲ သတင်း ရေးရင်း နဲ့ ၊ငယ်ငယ်တုံး က စီးခဲ့ ရတဲ့ဘတ်ကားကြီးတွေသတိရ မိ ပါ တယ် ဗျာ ၊ ဘတ်ကားကြီး တွေ ဆိုတာ ၊ ကျွန်တော် တို့ပါတ်ဝန်းကျင်မြို့ အချင်းချင်း ၊ သိပ် မဝေးပါဘူး ၊ ၁၅ မိုင် ၀န်းကျင်လောက် ဘဲ ပြေး တာပါ။ကား ခေါင်း မှာ ( သတိ ၊ ဆီ လေ ရေ ၀ိုင် ) ၊ ဒါ က ဒရိုင်ဘာ နဲ့ စပယ်ယာအတွက် နေ့စဉ် စစ်ဆေးဘို့ သတိပေးထားတာပါ။
ခရီးသည် အတွက် က တော့ ( ထ သွား ပြန် ကြည့် ၊ သတိရှိ )( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျ။ဘတ်ကားကြီး တွေ က အဟောင်းတွေ ဆိုတော့ ၊ ကား က ယိုင် နဲ့ နဲ့အင်ဂျင် က ဖွတ် ချက် ဖွတ် ချက် ၊ တာ ယာ က အဟောင်း ၊ ဂီယာ က ဒုတ်ထောက်ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊လမ်း မှာ ကား က ခန ခန ပျက် လွန်း လို့ မကြာ ခန ရပ် ရ ပါတယ်။
ဒရိုင်ဘာတွေ အယူသီး တာ က ခရီးသည် က ဘယ် အချိန် ရောက် မလဲ မေးတာ ကိုဖြေလိုက်မိရင် ၊ အဲဒီ အချိန် ကို ၊ ဘယ် တော့ မှမရောက် တော့ ပါဘူး၊ ဒီထက်နောက် ကျ ပြီး မှ ရောက် တတ် ပါတယ် ၊ ဒရိုင်ဘာ ယူဆ တာက ၊ ရောက် မဲ့ အချိန်ကို နတ် တွေ က သိသွား လို့ ၊ မရောက် နိုင် အောင် ၊ ကား ကို နတ် က ပျက်အောင် လုပ်ပြီး ၊ နတ် လှည့် စား တာ ခံ ရ တယ် လို့ အ ယူ သီး ကြ ပါတယ်။ခု အချိန် ထိ ၊ အညာ မှာ ဘတ်ကား စီး လို့ ၊ ဘယ် အချိန် ရောက် မှာ လဲမေးမိ ရင်၊ဒ ရိုင် ဘာ က ဒီ လို ရောက်ချိန် ၊ လာမေး တဲ့ ခရီးသည် ကို ၊ ဒေါ ပွ လို့ ၊မဆုံး ပေါ့ ဗျာ။
ခု လဲ ၊ ရွေး ကောက် ပွဲ ၊ ဘယ် အချိန် လုပ် မှာ လဲ ၊ မ မေး ၀န့် တော့ ပါခင် ဗျာ ။ကား က ယိုင် နဲ့ နဲ့အင်ဂျင် က ဖွတ် ချက် ၊ ဖွတ် ချက် ၊တာ ယာ က အဟောင်း ၊ဂီယာ က ဒုတ်ထောက်ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျား ။

To:myanmarcupid.net <http://myanmarcupid.net/> မှ ခွင့်မတောင်းဘဲ ကူးယူဖော်ပြသည်။

Monday, 14 December 2009

လူ့အခွင့်ရေးနှစ်ခြောက်ဆယ့်တစ်နှစ်ဆီသို့


ကာတွန်းမောင်ရစ် ရေးဆွဲထားသော ကာတွန်းလေးဖြစ်ပါတယ်။ ဒီနေ့ ၀၇.ဒီဇင်ဘာ နေ့ဟာ ကမ္ဘာလူအခွင့်အရေးနှစ် ၆၁ နှစ်ရှိပြီဖြစ်ပါတယ်။ လူအခွင့်အရေးမယ်နေတဲ့ ဗမာပြည်ကြီးကို စစ်မှန်သော လူအခွင့်အရေး အမြန်ရရှိအောင် ကြိုးပမ်းကြပါစို့လေ။

Wednesday, 25 November 2009

ငြိမ်းချမ်းရေးဗိသုကာဦးသန့် 




နိုဝင်ဘာ ၂၅ရက်နေ့ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့ မှာမွေးဖွားခဲ့ပါတယ်။ ၁၉၂၈ မှာ ပန်းတနော်မှာ ကျောင်းဆရာပြန်လုပ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အတွင်းရေးချုပ် Dag Hammarskjold(Sweden) ကွန်ဂိုနိုင်ငံကို အသွားလေယာဉ်ပျက်ကျ ကွယ်လွန်ရာ ဦးသန့်ဟာ အများသဘောတူရွေးချယ်ချက်နဲ့ နိုဝင်ဘာလမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။ သူ့ ရဲ့ ပထမသက်တမ်း (၁၉၆၁-၁၉၆၆) ကျူးဘားဒုံးပျံ အကြပ်အတည်းနဲ့ ကွန်ကိုပြည်တွင်းစစ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ၁၉၆၆မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ဖို့ အရွေးခံခဲ့ရပြီး ၁၉၇၁ မှာ ရာထူးမှ အနားယူခဲ့ပါတယ်။ဦးသန့်ဟာ အသက်၆၅နှစ်အရွယ် ၂၅ရက် နိုဝင်ဘာ ၁၉၇၄ခုနှစ်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတယ်။ယနေ့ဟာ မြန်မာတို့ရဲ့ ဂုဏ်ဆောင် ငြိမ်းချမ်းရေးဗိသုကာကြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ကွယ်လွန်ခဲ့တာ ၃၅နှစ်သက်တမ်းရှိခဲ့ပါပြီ။ဦးသန့်ကို မှီခဲ့တဲ့သူတွေကော၊ မမှီခဲ့ မသိခဲ့သူများအတွက် ကော သူ့ရဲ့ပုံရိပ်များကို ပြန်လည်တင်ပြလိုက်ရပါသည်။

ဦးသန့် အရေးအခင်း

ဦးသန့် ဟာ၁၉၇၄ခု နိုဝင်ဘာ ၂၅ရက်နေ့ မှာ နယူးယောက်မြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှာ ဦးသန့်ရုပ်အလောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဦးသန့်ရဲ့ဂုဏ်သိက္ခာနဲ့ ထင်ပေါကျော်စောမှုကို မနာလိုတဲ့ ဦးနေဝင်းအစိုးရဟာ ဦးသန့်ရဲ့ရုပ်အလောင်းကို ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ပြီးစလွယ်ထားကာ ထိုက်တန်တဲ့အခမ်းအနားမပါပဲ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သချိင်္ုင်းမှာ သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မယ်လို့ ယူဆနေတဲ့ ကျောင်းသားထုဟာ ပေါက်ကွဲပါတော့တယ်။

ကျောင်းသားများ ဦးဆောင်သည့် ရဟန်း ရှင်လူပြည်သူ အပေါင်းက ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့မှာ ဦးနေဝင်းအစိုးရက ဒိုင်းနမိုက်ဖောက်ဖျက်ဆီးခဲ့တဲ့အဆောက်အဦး) နေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့လုပ်ကြတယ်။ ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား များနဲ့  Civil ကျောင်းသားများက ပုံဆွဲပြီး ဦးသန့်အုတ်ဂူနဲ့ ယာယီဂူဗိမာန်ကို ကျောင်းပေါင်းစုံမှ ကျောင်းသားများက စတင်ဆောက်လုပ်ပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းပါတော့တယ်။ ကျောင်းသားတချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးတဲ့ ရုပ်ကလပ်ကို ထုတ်ယူသွားပါတော့တယ်။

နေဝင်းအစိုးရရဲ့ရက်စက်မှုကို မကျေနပ်တဲ့ ပြည်သူတချို့ ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်လစ်ပါတီယူနစ်များ၊ရဲစခန်းများနှင့် ရုပ်ရှင်ရုံအချို့ကိုတန်ပြန်မီးရှို့တိုက်ခိုက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာသေနတ်သံတွေဆူညံသွားခဲ့ပါတယ်။ဦးနေဝင်း အစိုးရဟာ တင့်ကားတွေနဲ့ လှည့်လည် စစ်ရေးပြခဲ့ ကြပါတယ်။

နောက်ဆုံးမှာတော့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကန်တော်မင်ပန်းခြံမှာ မြှုပ်နှံလိုက်ပါတယ်။

ဦးသန့်၏ ပုံရိပ်များ

ဦးသန့်  ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာ






မြန်မာတို့၏ ဂုဏ်ဆောင်


ဦးသန့်အတွက် ဂုဏ်ပြုတဲ့ ဝပ်ဆိုဒ်

ဦးသန့်ဝပ်ဆိုဒ်



ဦးသန့်အရေးအခင်းစာအုပ် (စက်မှုတက္ကသိုလ်စိုးဝင်း) ဒီမှာ ဒေါင်းယူပါ။

Friday, 20 November 2009

အကျယ်ချုပ်ဘ၀ဖြင့်သာ နေထိုင်ခွင့်ရနေသော်ငြားလည်း


အကျယ်ချုပ်ဘ၀ဖြင့်သာ နေထိုင်ခွင့်ရနေသော်ငြားလည်း
အပြုံးမပျက် ကြံကြံခံကာ ဒီမီုကရေစီ ရရှိရေးအတွက် တွန်းလှန်နေတာ
ဒေါ်အောင်ဆန်းစုကြည်ပါ..........

ဲမြန်မာ့ ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီး ( NLD ) ၏ ဦးဆောင်ဦးရွက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင်ယနေ့တိုင် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရတာ ကမ္ဘာ ကအသိပါ။ စစ်အစိုးရက ဘယ်လိုပဲနည်းလမ်းရှာပြိး ဒေါ်အောင်ဆန်းစုကြည် ယနေ့တိုင် အပြုံးမပျက်နဲ့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီရရှိရေးကို ဆက်လက်ကြိုးပမ်းနေဆဲပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်း နေတဲ့ မိတ်ဆွေများကို ဒေါ်စုကြည်ရဲ့ မိန့်ခွန်းတစ်ချို့ကို ဝေငှချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်....ဒီမိုကရေစီဆိုတာ ပြည်သူလူထု ၏အုပ်ချုပ်မှုစနစ်ဖြစ်ပါတယ်။ ဒါကြောင်ညွန်ကြားချက်ကိုပဲစောင့်ပြီး မလုပ်ကြပါနဲ့။ ညွန်ကြားသင့်သလောက် ကို အခွင့်အရေး ရသလောက်ညွှန်ကြားပေးမယ်။ အောက်ခြေပြည်သူလူထုကလည်း လုပ်သင့်တာ ကိုတာဝန်သိသိနဲ့လုပ်ကြရမယ်။ မြန်မာနိုင်ငံသားတွေရဲ့စိတ်ထဲမှာတော့ ဒီမိုကရေစီ ကိုလိုချင်တယ်၊ အစိုးရကိုဆန့်ကျင်ချင်တယ် ၊ ဒါပေမယ့် မဆန့်ကျင်ရဲ မလုပ်ရဲတာက အစိုးရရဲ့ ထောင်ဒဏ်နဲ့ စိးပွားဖျက်မှုကိုကြောက်လို့ မလုပ်ရဲကြတာပါ။ အခု မြန်မာပြည်သူုပြည်သား တွေ နေထိုင်နေရတာလည်း ထောင်အကြီး ကြီး နဲ့အတူတူပါပဲ။ ထောင်အကြီးကြီးကနေ အသေးလေးကို ပြောင်းသွားတာကိုကြောက်မနေ ကြပါနဲ့လို့ ပြောကြားထားပါတယ်။ အခုအခြေအနေအရဆိုရင် ဒီမိုကရေစီ ရရှိရေး အတွက် လုပ်ဆောင်နေကြတဲ့ အသွင်ဟာခေါင်းဆောင် တွေကပဲ လှုပ်နေတာမို့လို ခေါင်းပဲလှုပ်နေတဲ့ လေဖြတ်နေတဲ့လူနဲ့တူတယ်လို့တချို့တွေကလည်း ဝေဖန်ကြပါတယ်။ အခုမြန်မာနိုင်ငံသူ ၊ နိုင်ငံသားတွေ ဟာ ၁ဦး ၁ယောက်ပျက်ဆီးမှာ ကိုကြောက်နေကြလို့ ဒီမိုကရေစီရရှိရေးကိုတက်ညီလက်ညီ မလုပ်ဆောင်ရင် တိုင်းပြည်ဟာ ပျက်ဆီးရပါ တော့မယ်။ မြန်မာနိုင်ငံကြိးဟာဆိုရင် ဥပဒေစိုးမိုးမှုမရှိတဲ့၊ တရားမျှတမှု မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်။ ဒါကြောင့် လူစဉ်မမှီ တော့ တဲ့နိုင်ငံမှာနေထိုင်ကြတဲ့ လူတွေဟာလည်း လူတွေရရှိသင့်တဲ့အခွင့်အရေး အပြည့်အ၀မရရှိဘဲ လူနဲ့တူအောင်မနေနိုင်ကြပါဘူး။ နအဖ အစိုးရက ဘယ်လိုပဲ အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တော်ဆီသို့လို့ ညွှန်းနေသော်လည်း ၊ ဥပဒေ စိုးမိုးမှု မရှိ တဲနိုင်ငံဟာဘယ်တော့မှ တည်ငြိမ်တဲ့ နိုင်ငံဖြစ်မျာ မဟုတ်ပါဘူး။ ဥပဒေကို မှန်မှန်ကန်ကန်မသုံးတဲ့ အစိုးရက ရပ်ရွာအေးချမ်းသာယာရေး ကိုလည်း ဘယ်တော့မှ စွမ်းဆောင်နိုင်မှာ မဟုတပါဘူး။ နိုင်ငံကို တကယ်ပဲ တိုးတက်စေချင်တယ်ဆိုရင်တော့ပြည်သူမအများ က တရားမျှတ တဲ့ ဥပဒေစိုးမိုးမှုရှိဖို့ ဒီမိုကရေစီရရှိရေးကို ကြိုးပမ်းကြပါစို့လို့လည်း ...ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို အကျဉ်း ချုပ်တင်ပြလိုက်ပါတယ်။

ရေးသားတင်ပြသူ-တင်ညီညီထိုက်

Tuesday, 17 November 2009

တတိယလှိုင်းတို့ နားချပါဦး


ဇော်မင်း (လူ့ဘောင်သစ်)
ဗီယက်နမ် နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသသည် တနိုင်ငံလုံး ဆန်အထွက်နှုန်း၏ တဝက်ကျော်ကျော်ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ်နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုံးတင် မြေနု မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တော့သည်။သို့သော်လည်း ဗီယက်နမ် လူမျိုးတို့ ခေါင်းခဲစရာ၊ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေပါက နောင်လာမည့် အနှစ် ၄-၅၀ တွင် ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေသော မြစ်ဝကျွန်းပေါ် တစိတ်တဒေသသည် အမြဲတမ်း ပင်လယ်ရေငန် ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်တပိုင်း ပင်လယ် ရေအောက် ရောက်ရှိပါက ဗီယက်နမ်၏ ဆန်အထွက်နှုန်းလည်း ကြောက်ခမန်းလိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြ ထားသည်။ စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာဆက်လုပ် ကြမည်နည်း။ ပင်လယ်ထဲ၌ ငါးဖမ်းခြင်းအလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြများသို့ ပြောင်းရွှေ့ကာ မြို့ပြအခြေစိုက် အလုပ်သမားများအဖြစ် အသွင်ပြောင်းမည်လော။ သေချာသည် တခုက ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရတော့မည်။ ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်းတချို့ ရေလွှမ်းခံရသည့်အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍၊ရပ်၍ နေမည်မဟုတ်။ ဒေသတခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် ၂ လက္မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့တွင်းနေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကိုသုံးကာ ရေများကို စုပ်ထုတ်ပစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံများဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာရှိ၍ ကားဆိပ်များ၊ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော်အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန်တွင် ဒုတိယ ဗင်းနစ်မြို့တော်အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။ ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကိုပတ်၍ တမံတုပ်ဖို့သာရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက်လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထား နိုင်သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်းတခုလုံးကို တမံမတုပ် နိုင်ဘူးထားဦး၊ ဘန်ကောက်မြို့ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။ တချိန်တည်းတွင် မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်လိုက်ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ တစိတ်တပိုင်းလည်း ပင်လယ်ရေ လွှမ်းခြင်း ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဘက်မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေယာပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့်ဆိုတာ ဆက်၍ ပြောပါမည်။မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံးအသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝကျွန်းပေါ်ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။နားလည်လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ၊ ချောင်းကလေးများ၏ ရေအနက်သည် ၁၀ ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည်ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေများတန့်ကာ ယခင်ကလို အောက်ဘက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်းများ၏ ရေအနက်သည် ၅ ပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ၅ ပေ နိမ့်သွားသည်။ စီးဆင်း လာရမည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလတွင် ပင်လယ်ရေသည် ကမ်းရိုးတန်းတလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင် ၃-၄ဝ ခန့်အထိ တိုး၍ ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဘက်သို့ တိုးဝင်ချင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေချင်း ဟန့်တား၊ ကာထားပေးသည်။ ရေချိုနှင့် ရေငန် ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေ နိမ့်ကျသွားသောအခါ ပင်လယ်ရေငန်များ အထက်ပိုင်းအထိပါ တရဟော တိုးဝင် လာတော့မည်။ ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသတခုလုံး ဆားငန်ရေများ အောက်သို့ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝကျွန်းပေါ်သားများ အထက်ဘက် မိုင် ၃-၄၀ သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ၊ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများအဖြစ် နေထိုင်ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းဗိုက်သည်လည်း နှစ် ၄-၅၀ အတွင်း ကွယ်ပျောက်ရတော့မည်။ နောင်အနှစ် ၄-၅၀ အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍တင်သွင်းရတော့မည်။ အာဖရိကတိုက်တွင် မိုးခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငန်ဖုံးသောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင်တွေ့ကြလိမ့်ဦးမည်။ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့်သူများကတော့ မြစ်ဆုံဒေသတဝိုက်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာခဲ့သည့် ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ၆၀ ထက်မနည်း၊ လူဦးရေသောင်း ဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်းတော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေဆုံးရှုံးမှုတင်မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။ ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်းတလျှောက် မြစ်ဝကျွန်းပေါ်အထိ နေထိုင်ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီမြစ်ကြီးသည် မြစိမ်းရောင်အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည့် အခြေအနေမှ ချောင်းသာသာ၊ မြောင်းသာသာအဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။ တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာပဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည်မဟုတ် ပြောမည်မဟုတ်။အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြဝေဖန်သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်းအချို့က ထောက်ပြကြသော်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေသည့် မည်သည့်အဖွဲ့အစည်းများကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရသောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့အစည်းများကို နားလည်ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ်သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာစစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်းတို့က ဆိုထားသည်မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ်အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်တွေမှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာလည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။ တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည်တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာနောက်သားတို့အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့မှာတော့ တတိယလှိုင်းသမားတို့ မပြောရဲရှာပါ။ အာဏာအပြောင်းအလဲကို အသာထား သဘာဝပတ်ဝန်းကျင် ပျက်သုန်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက်ကြီးမားသော ကိစ္စများ၊ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည်ဆိုတာက သံသယဖြစ်စရာပါ။လူမိုက်များ၊ လူကောင်း ယောင်ဆောင်နေသူများ၊ အစွန်းမရောက်သူဟု ကြေညာနေသူများ၊ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခုတည်းနှင့်ပင် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတော့သည်။
Last Updated ( Wednesday, 23 September 2009 21:25 )

Thursday, 5 November 2009

”မြန်မာနိုင်ငံ အခြေအနေ”

မြန်မာနိုင်ငံရဲ့ နောက်ဆုံးပေါ် ပညာရေးအခြေအနေကိုတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ အပေါ်ယံအနေနဲ့ကတော့ လူတိုင်းစာတတ်မြောက်ရေးအတွက် အခြေခံ မူလတန်းပညာကို မသင်မနေရ ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း တကယ်တန်းမှာတော့ သူငယ်တန်းတက်ချင် ရင်တောင် ကျောင်းကိုအလှူမပေးနိုင်ရင် တက်ဖို့ မလွယ်ကူ နိုင်ပါဘူး။ မိဘတွေဆိုရင်လည်း ဆရာ၊ဆရာမတွေကို သူတို့ သားသမီး စာမေးပွဲအောင်မြင်ဖို့ အတွက် လက်ဆောင် ပဏ္ဍာ မပေးခဲ့ရတဲ့မိဘဆိုတာ မရှိသလောက်ပါဘဲ။ ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်ပြန်ရင်လည်း major ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်မယူမိပြန်ရင် စာမေးပွဲကကျ ပြန်ရော။ ကျူရှင်ယူနိုင်ရင် လက်ဆောင်ပေးနိုင်ရင် စာမေးပွဲ အောင်နိုင်တဲ့ပညာရေး စနစ်ဆိုတာတော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်နော်။ အနာဂတ်လူငယ်မောင်မယ်တွေရဲ့ ပညာ ရေးကတော့ မတွေးရဲပါဘူး။ ပညာမတတ်ကြပဲနဲ့ ဘွဲ့တွေရကုန်ကြတာပါ။ တကယ်တမ်းတိုင်းပြည်ပြန်လည် ထူထောင်ရေးလုပ်တော့မယ်ဆိုရင်အဓိက လိုအပ်တာက ပညာတတ်တဲ့လူငယ်တွေပါ။ ပညာတတ်ဆိုတာလည်း မြန်မာပြည်မှာမရှိသလောက်ပါ။ ရှိရင်လည်း နေရာမရပါဘူး။ နောက်တန်းမှာပဲနေရတာပါ။ ဒါကြောင့် တတ်နိုင်တဲ့ မိဘတွေက သူတို့သား၊သမီးတွေကို နိုင်ငံခြားကျောင်းတွေမှာ ထားတယ်၊ ဒါမှလည်းသူတို့သားသမီးတွေဘ၀က စိတ်အေးရမှာလေ။ မြန်မာနိုင်ငံရဲ့ပညာတတ် အနာဂတ်လူငယ် တွေတော်တော်များများဟာ အခု ဆိုရင်မြန်မာပြည်မှာ မရှိသလောက်ပါပဲ။ မြန်မာပြည်မှာ ရှိတဲ့ဘွဲ့ရဆိုတာကလည်း ပညာမတတ်ပါဘူး။ အလွတ်ကျက် ၊ကျူရှင်တက်ပြိးအောင်တာဆိုတော့ ၊တကယ်တမ်းအလုပ်ခွင်မှာ ဆိုရင်လုပ်သက်အရ လုပ်ငန်းကျွမ်းကျင်မှုနဲ့ပဲအလုပ်လုပ်နေကြတာပါ။ဘွဲ့ရလို့အလုပ်သွားတော့လျှောက်တော့လည်း အခြေခံလစာက ၃၀၀၀၀ တဲ့လေ။ ဆန်တပြည် အနည်းဆုံး ၈၀၀ိ/- ဖြစ်နေတဲ့အချိန်မှာ တစ်ဝမ်းတစ်ခါးဝအောင်စားဖို့က ဘွဲ့ရပညာတတ်တွေအတွက်မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေပါ ပြီ ဒါကြောင့် ဘွဲ့တစ်ခုရတဲ့ ဘွဲ့ရပညာတတ် တွေဆိုတဲ့မြန်မာပြည်ကလူငယ်မောင်မယ်တွေအတွက်က တော်တော်ကို ရင်လေးဖို့ကောင်းပါတယ်။ ဒါက ပညာရေးနဲ့ ပတ်သက်တဲ့ကဏ္ဍပဲရှိပါသေးတယ်။
စီးပွားရေးမှာကျတော့လည်း....... မြန်မာပြည်ရဲ့လုပ်ငန်းကြိး တော်တော်များများကလည်း စစ်အစိုးရအဖွဲ့အစည်း ကလူတွေပါပဲ။ ပြည်သူတွေတော်တော်များများက သူတို့တွေရဲ့လက်အောက်မှာပါ။သူတို့လက်အောက်မှာ အလုပ်လုပ်ရတော့၊သူတို့လခစားဖြစ်ပြီး သူတို့ရဲ့ policy အတိုင်း ခေါင်းငုံ့ရတော့တာပေါ့။ ကျောက်မျက်ရတနာလည်း "ထူး" ၊ ရန်ကုန်ဘောလုံးအသင်းကျတော့လည်း "ထူး"၊ ဒီကြားထဲမှာ ဗိုလ်ချုပ်မှုးကြီးကတော် ဒေါ်ကြိုင်ကြိုင် တို့ကလည်း "Ocean" တို့ “ CityMart “ မှာရှယ်ယာပါသေးတယ်နိုင်ငံခြား Export & Import သစ်လုပ်ငန်းတွေမှာလည်း "ထူး" ပါပဲ။ လေကြောင်းမှာကျတော့လည်း Air Bagan ဆိုပြီး"ထူး"၊ ရပ်ကွက်ထဲက ဆိုက္ကားသမား တွေတောင်သူတို့ကို ကြောက်နေရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ "ထူး" ဆိုပြီးဝင်လာရင် ထမင်းငတ်ကြမှာတဲ့လေ။ ဒါကမြန်မာနိုင်ငံရဲ့စိးပွားရေးအခြေအနေပါ။ ပြောချင်တာက တော့ မြန်မာနိုင်ငံရဲ့အဓိက စီးပွားရေးကိုအုပ်ချုပ်ထားတာက စစ်အစိုးရဆိုတာပါ။ အခုတောင်မောင်တေဇ ဦးစီးပြီးတော့ ပူတာအိုမှာ ရှိတဲ့ “ ခါကာဘိုရာဇီ “တောင်ကို ကမ္ဘာလှည့်ခရီးးသွားတွေ လာအောင်ဆိုပြီး စီးပွားရေး အကွက်တွေ သူတို့ဦးစီးပြီး လုပ်နေကြပြန်ပြီ။ကျွန်တော်တို့မသိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်တောင်ရှိဦးမယ်ဆိုတာခန်းမှန်းလို့တောင်မရနိုင်ပါဘူး။
လမ်းဘေး ဂျာနယ် ရောင်းတာတောင် ဖမ်းတယ် ဗျာ။ ”လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်” ဆိုတာ တကယ်မှန်ပါတယ်ဗျာ။ ဒါ မြန်မာပြည်ရဲ့ နောက်ဆုံးပေါ် စီးပွားရေး စနစ်ပဲ။
ဘာသာရေး.........ဘာသာရေးကတော့ တစ်ကမ္ဘာလုံးသိကျတဲ့ အတိုင်းပါပဲ၊ ဘုရားသားတော်တွေ ဖြစ်တဲ့ ဘုန်းကြီးတွေ တောင် ရိုက်နှက် သတ်ဖြတ် တာ တော်တော့်ကိကြောက်ဖို့ကောင်းပါတယ်။ 2007,Setemper ဆိုတာ မမေ့ နိုင်စရာပါပဲ။ အရမ်း လဲဝမ်းနည်းပါတယ်၊ စိတ်ပျက် မိလို့ အားလုံးလဲ သိပြီးသားမို့ ဘာသာရေး ကို ဒီလောက်ပဲ ရေးပါရစေ။
လူမှုရေး..............လူမှုရေး က တော့ ဘယ်လိုရေးရ မှန်းတောင် မသိတော့ဘူး။ အပေါ်မှာ ရေးထားတဲ့ အကြောင်း အရာ တွေအားလုံးဟာ လူမှုရေးတွေကြီးပါပဲ ။ အထက်မှာဖော်ပြ ထားတဲ့ အရာအားလုံး ဟာလဲ ကောင်းတာ တစ်ခုမှ မပါပါဘူး။ အဲဒီတော့ လူမှုရေးလဲ မကောင်း ပါဘူး ခဗျာ။
မြန်မာနိုင်ငံ ရဲ့ကျန်းမာရေး ..........အခြေအနေတွေကို ပြန်ကြည့်ကြရအောင်။ ကျမ်းမာရေး ရှုဒေါင်ကပေါူ့တစ်ယောက်ကျမ်းမာရေးမကောင်းလို့ ကျမ်းမာရေးအခြေအနေတစ်ခုခုကြောင့် ဆေးရုံတက်ရမယ်ဆိုရင်ဖြင့် အဲဒီလူဟာ နိုင်ငံတာဝန်ထမ်းတဲ့ ၀န်ထမ်း လား၊ သာမာန် လူလား ကိုယ်မှာရှိတဲ့ ပိုက်ဆံနဲ့ အခြေအနေကိုကြည့်ပြီး လုပ်ရတာပါ။ရန်ကုန် ဆေးရုံ ကြီး ဆိုတာလဲ ဆေးရုံတက်တာနဲ့ အရက်ပြန်တို့ ဂွမ်း တို့ ဆိုတာ က အစ ၀ယ်ရတာပါ. ဒါလူတိုင်းသိပါတယ်။ပုဂ္ဂလိက ဆေးရုံ ဆိုတာကတော့ ကိုယ်မှာရှိတဲ့ ပိုက်ဆံ နဲ့ ကိုယ့်အသက်ကိုပါပေးရတာပါ။ ဒါ တကယ်ဖြစ်နေတာကိုကျွန်တော်ရေးမှာပါ "နာမည်က မခိုင်ရွှမ်းလဲ့ရည် အသက်က-၁၅ နှစ် ၉-တန်းကျောင်းသူ ဘယ်လောက်နှမျောဘို့ကောင်းသလဲ... အောက်တိုဘာလ-၂၅ ရက်နေ့က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဗိုက်နာလို့ ရွှေဂုံတိုင် SSC ဆေးခန်း မှာ ဆေးသွားကုတာ ဒေါက်တာ ကြည်စိုး တဲ့ ဆုံးဖြတ်ချက် မှားပြိး သွေးလွန်တုတ်ကွေးဖြစ်တာကို အူအတက်ပေါက်တယ်ဆိုပြီး ခွဲစိတ်တာ ၂၇- ရက်နေ့ ကျတော့ မခိုင်ရွှမ်းလဲ့ရည် ခမျာ ကွယ်လွန်ခဲ့ပါတယ်။ ဦကြည်စိုး ကသူ၏သမီး ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ပါဘူး ။ အဓိက က ကျွန်တော်ပြောချင်တာ အခုမြန်မာနိုင်ငံက နောက်ဆုံးကျန်းမာရေး အခြေအနေကိုပြောချင်တာပါ။ဲ ဒီလောက်ညံ့ဖျင်းတဲ့ ဆရာဝန်တွေ ကျွန်တော်တို့မြန်မာနိုင်ငံ မှာ ဘယ်လောက်များများ ရှိနေသလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကလည်းပညာရေးနဲ့ဆက်ဆိုင်နေတယ်။ ဆေးတက္ကသိုလ်ကြိးမှာလည်း ကျောင်းမတက်ပဲကျူရှင်တက်၊ ဆရာတွေကို လာဘ်ထိုးရင်မေးခွန်းရပြီး အောင်နိုင်လို့ဒီလို အရည်အချင်းမရှိတဲ့ဆရာဝန်တွေ ဖြစ်လာတာပေါ့။
ဒါတွေဟာမြန်မာပြည်ကြီးမှာလက်ရှိဖြစ်ပျက်နေတဲ့ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ၊ ကျန်းမာရေးအခြေအနေတွေပေါ့။


ဆက်လက်ရေးသားပါဦးမယ်
ရေးသားတင်ပြသူ-တင်ညီညီထိုက်

ဝင်ရေး မဝင်ရေး မြန်မာ့နိုင်ငံရေး

“၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မပြင်ဘူးဆိုလျှင် လုံးဝလက်သင့်မခံနိုင်ပါ။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလည်း လက်မခံပါ” ဒီစကားသည် ပြည်တွင်းရောပြည်ပမှာပါ ဒီမိုကရေစီအ တိုက်အခံများဘက်မှ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသောအသံ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အာ ဏာသက်ရှည်စေရန် တဖက်သတ် ရေးဆွဲထားသည်ဆိုတာကိုလည်း လူတိုင်းသိကြပါသည်။ နိုင်ငံတကာက လည်းသိကြပါသည်။ ဒီအတိုင်းသာ ၂၀၁၀ ရွေးကောက် ပွဲပြီးသွားမယ်ဆိုရင် မြန်မာလူထုကြီးသည် စစ်ကျွန်ဘ ဝကို တရားဝင်ရောက်သွားကြပြီး ဆင်းရဲသက်ရှည်ကြရပေဦးမည်။

စစ်အစိုးရကို ဆန့်ကျင်အတိုက်အခံပြုနေသော အဖွဲ့များအားလုံးနဲ့ ခေါင်းဆောင်ခေါင်းရွက် ပြုနေသူများက လည်း ဒီလိုအခြေအနေ မုချဆိုက်ရောက်လာမည်ဆိုတာကို ဟိုတုန်းကတည်းက မသိကြဘူးလားလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ နအဖက သူ့ Road Map (၇) ချက်အတိုင်း လျှောက်နိုင်နေတယ်၊ ကိုယ့်ဘက်က သေနေ တဲ့အချိန်က များတယ်။ ပြည်တွင်းလက်နက်ကိုင်အများစုကလည်း စစ်အစိုးရရဲ့ တရားဝင်လက်အောက်ခံတွေ ဖြစ်ကုန်ပြီ။ အကြီးဆုံး အတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ အန်အယ်လ်ဒီမှာလည်း ဘယ်သူ လူကြီးလဲလို့မေးရင် ထောင်ကျ၊ အချုပ်ကျနေသူတွေကိုပဲ လက်ညှိုးထိုးပြနေကြတယ်။ အပြင်မှာရှိနေသူ ခေါင်းဆောင်များကလည်း ခေါင်းဆောင်အမည်ခံထားကြပြီး အောက်ခြေက ပါတီဝင်တွေနဲ့ လူထုကို ဆက်လုပ်နေကြရမယ့် လမ်းစဉ်တွေ မူဝါဒတွေ ဘာမှ မယ်မယ်ရရ ချမပေးနိုင်ဘဲ ခပ်တည်တည်နဲ့ ခေါင်းဆောင်တွေနေရာမှာ အနှစ် (၂၀) လောက် ထိုင်နေကြတယ်။ ခုတော့ အသက်တွေကြီးပြီး အိုဘေး နာဘေးနဲ့ ရင်ဆိုင်နေကြရပြန်ပြီ၊ သူတို့ နာတာထက် တိုင်းပြည်က ကုစားလို့မရအောင် နာခဲ့ပါပြီ။

အန်အယ်လ်ဒီ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းဟာ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မလား၊ မဝင်ဘူးလား ဆိုတာ ဆုံးဖြတ်ရတော့မယ့် ပြဿနာပါ။ ဦးဝင်တင်ကတော့ ရွှေဂုံတိုင်စာတမ်းမှာ ဖော်ပြတဲ့အတိုင်း ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ဒီလိုမှမဟုတ်ရင်တော့ ရွေးကောက်ပွဲကို လုံးဝ မဝင်ရေးဘက်မှာ အ ပြတ်ရပ်နေတာတွေ့ရပါတယ်။ အန်အယ်လ်ဒီထဲမှာ ဦးဝင်းတင်နဲ့ သဘောထားတူသူတွေရှိသလို၊ မတူသူလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနှစ် (၂၀) လောက် ဘာလုပ်ရမယ်လို့ ညွှန်ကြားချက်မရခဲ့ကြဘဲ ငုတ်တုပ်ထိုင်ပြီး စောင့်နေခဲ့ကြရတဲ့ အောက်ခြေက အန်အယ်လ်ဒီပါတီဝင်တွေနဲ့ လူထုက ဒီလောက်အရေးကြီးနေတဲ့ အချိန်မှာ ဘာလုပ်ရမလဲဆိုတာ သိချင်နေကြပါပြီ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရမှာလား၊ ဒါမှမဟုတ် ရွေးကောက် ပွဲကို သပိတ်မှောက်ဖို့အတွက် ကြိုတင်ပြီး ဘာတွေလုပ်ကြရမလဲဆိုတာ သိချင်နေကြပါတယ်။ သို့သော်လည်း အန်အယ်လ်ဒီ ဗဟိုကတော့ ထုံးစံအတိုင်း ‘ငြိမ်’ ဆိုတဲ့ အနေအထားမှာရှိတုံးပါပဲ။ ယနေ့အခြေအနေကလည်း ငြိမ်နေလို့မရအောင် တွန်းပို့နေပါပြီ။ ဘယ်လိုပင် ငြိမ်နေပေမယ့် လူထုဘက်ကတော့ မေးစရာရှိတာ မေးရပါ လိမ့်မယ်။

ရွေးကောက်ပွဲကို ဝင်သင့်တယ်၊ ဝင်မှဖြစ်မယ်၊ ဝင်ကြမယ်ဆိုတဲ့ အတိုက်အခံဘက်မှ ဦးဆောင်ဦးရွက်ပြုသူ တွေနဲ့ ပေါ်လစီမိတ်ကာတွေက နအဖ ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်ဗိုလ်အစိတ်သား အလိုလိုပါနေပါ တယ်။ ကာ/ချုပ် က ပါလီမန်ရဲ့ အထက်ကို ရောက်နေတယ်။ ဖွဲ့စည်းပုံ ပြင်ဖို့ခက်ခဲအောင် လုပ်ထားပြန်တယ်။ ဒါတွေဟာ ဒီမိုကရေစီနည်းမကျနိုင်လို့ ရေတိုရော ရေရှည်မှာပါ လူထုသာ နစ်နာမယ်ဆိုတာ သိသိကြီးနဲ့ အ ခြားနည်းလမ်း ရှာဖွေနိုင်စွမ်း မရှိကြဘူးထင်လို့ ပူးကြည့်မယ်လို့ ဆုံးဖြတ်ကြတာလား။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ် ဗိုလ်ပါဝင်ချုပ်ကိုင်မှုတွေကို အခိုင်အမာထည့်သွင်းထားပြီး ပြင်ဆင်ဖို့ခက်ခဲအောင် ရေးဆွဲထားကြပေမယ့် လူ တွေ ရေးဆွဲထားတာမို့ လူတွေက ပြင်လို့ရအောင် ပြင်မယ်လို့ အခိုင်အမာ သံန္နိဌာန်တွေနဲ့ ဝင်ပူးကြမှာလား။ ဒါ ဆိုရင် နောက်ထပ် လေးနှစ်သက်တမ်း တကြိမ်၊ နှစ်ကြိမ်လောက်ကြာရင်တော့ အဖြေထွက်မှာပေါ့။ လူထုဘဝ နဲ့ဒီမိုကရေစီဟာ ဘယ်လောက်တိုးတက်လာသလဲဆိုတာနဲ့ တိုင်းကြရမှာပဲ။ တိုးတက်လာတယ်ဆိုရင် ရွေး ကောက်ပွဲဝင်ရေး (ရွေး/ဝင်) သမားတွေကို လူထုက ထောက်ခံအားပေးပါလိမ့်မယ်။ လူထုဘဝက မတိုးတက် ဘူး၊ ပိုဆိုးသွားကြတယ်ဆိုရင်တော့ တိုင်းပြည်ဖျက်တဲ့ အင်အားစုထဲမှာ ရောပြီး သမိုင်းမှတ်တမ်း ဝင်ရပါလိမ့် မယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဘက်ကို မေးကြရအောင်။ ၂၀၀၈ က တရားမမျှတဘူး၊ ဒီ ဖွဲ့စည်းပုံအတိုင်းသာ ဆိုရင် စစ်ကျွန်ပဲဖြစ်မယ်။ ဒီမိုကရေစီမဖြစ်နိုင်ဘူး၊ ဒါကြောင့် ၂၀၀၈ ဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲမဝင်နိုင် ဘူးပေါ့။ ရွေးကောက်ပွဲမဝင်ရင် ဘာလုပ်မလဲလို့မေးရင် တော်လှန်ရေးပဲဆက်လုပ်ကြမယ်ဆိုတဲ့ အဖြေပဲထွက် မှာပါ။ မှန်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီမရမချင်း တော်လှန်နေကြရဦးမှာပါ။ မြန်မာပြည်ဟာ တော်လှန် ရေးနဲ့ အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားလည်း ဖြစ်နေပါတယ်။

ဗြိတိသျှကိုလိုနီတော်လှန်ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲအောင်မြင်ပြီး လူထုဆန္ဒနဲ့ တက်လာတဲ့ ပထစ အစိုးရအာဏာကို တော်လှန်ရေးကောင်စီအမည်နဲ့ ဗိုလ်နေဝင်း စစ်အာဏာရှင်တစုက သိမ်းလိုက်ကြ ပြန်ပါတယ်။ ဗိုလ်နေဝင်း စစ်အစိုးရကို ယခင်ရှိပြီးသား တော်လှန်ရေးအင်အားစုတွေကလည်း ဆက်လက် တော်လှန်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်ရောက်တော့ ဆင်းရဲလို့ စိတ်ညစ်နေတဲ့ လူထုရယ်၊ ကျောင်းသားရယ် ယ ခင်တော်လှန်ရေးအင်အားစုတွေရယ်ပေါင်းပြီး တော်လှန်ခဲ့ကြပြန်ပါတယ်။ ယနေ့အထိပဲဆိုပါစို့။ မြန်မာပြည်ရဲ့ တော်လှန်ရေးအဆက်ဆက်မှာ ဗြိတိသျှကိုလိုနီတော်လှန်ရေးကလွဲလို့ အခြားတော်လှန်ရေးများအားလုံး မ အောင်မြင်ကြပါ။ နှစ်ပေါင်း (၆၀) ကျော်တော်လှန်ရေးများ မအောင်မြင်မယ့်အပြင် လုံးပါးပါးပြီးပေါက်ပြဲရတော့ မယ့် အခြေကိုဆိုက်နေကြပါပြီ။ အခုလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးသမားတို့ ရှေ့ဆက်ပြီး တော်လှန်ကြရ ဦးမယ်။ ဘယ်ပုံဘယ်နည်း တော်လှန်ကြမှာလဲ၊ ရွေးကောက်ပွဲဆန့်ကျင်ရေး (ရွေး/ဆန့်) ဘက်က ဝါရင့်တော် လှန်ရေးသမားတွေ၊ ဝါနုတက်ကြွတော်လှန်ရေးသမားတွေ ဖြေကြရမယ့် မေးခွန်းပါ။

တော်လှန်ရေးသက် ရှည်လွန်းလို့ ကျွမ်းပြီးသား၊ နည်းဟောင်းတွေအတိုင်းပဲ ဆက်သွားကြမှာလား၊ လူထုလူ တန်းစား အလွှာအသီးသီးထဲကို ထိုးဖောက်ဝင်ရောက်စည်းရုံးရမယ်၊ လူထုအုံကြွမှုကြီးတွေ ပေါ်ပေါက်လာ အောင်လှုံ့ဆော်ရမယ်၊ “ပြည်ညှင်း မင်းမခံနိုင်” ဆိုတဲ့မူကို အသေဆုပ်ကိုင်ပြီး တော်လှန်ကြမှာလား။ ဒီနည်းကို အခြေခံထားပြီး အခြားနည်းတွေနဲ့ ပေါင်းစပ်တော်လှန်မယ့် လမ်းစဉ်တွေရော ရှိကြပါသလား။ ပြည်တွင်းရော ပြည်ပမှာပါ ရွေး/ဆန့်သမားတွေ စဉ်းစားကြရမယ့်အချက်တွေပါ။ တော်လှန်ရေးဆိုတာကို မူးယစ်ဆေးစွဲသလို စွဲနေရမယ့် အရူးခေတ်မဟုတ်တော့ပါဘူး။ ဖိနှိပ်မှုရှိနေသမျှ တော်လှန်ရေးရှိနေမယ်ဆိုတဲ့ အယူအဆဟာ အ လွန်မှန်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးသမားဟာ တရက်ပဲ တော်လှန် တော်လှန်၊ တလ၊ တနှစ်၊ တဘဝလုံး ပဲ တော်လှန် တော်လှန်၊ လူထုအတွက် အမြဲတစေ အကျိုးဖြစ်ထွန်းမှု ကျန်ရစ်ရပါလိမ့်မယ်။ လူထုအတွက် ရုပ် ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိမလာနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဆတက်ထမ်းပိုးတိုးလာ ရင် ဒီတော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ အမှတ်ပေးရမှာပါ။ တော်လှန်ရေးသမားက တော်လှန်လိုက် လူထုက ဆင်းရဲပင်ပန်းခံရလိုက်၊ စိတ်တွေ ကုန်ခမ်းသွားလိုက်ဆိုရင်တော့ အဲ့ဒီတော်လှန်ရေး လမ်းစဉ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုရင်တော့ တော်လှန်ရေးခေါင်းဆောင်တွေမှာ တာဝန်ရှိနေပါ ပြီ။ တော်လှန်ရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံ၊ ဘဝပါပေး ဆပ်ပြီး လူထုအတွက် တော်လှန်ရေးလုပ်နိုင်ခြင်းဟာ မရှိမဖြစ် အခြေခံကျတဲ့ အရည်အချင်းတရပ်ဖြစ်ပေမယ့် မှန်ကန်ပြီး အောင်မြင်နိုင်တဲ့ တော်လှန်ရေးလမ်းစဉ်ကို ချမှတ်နိုင်တဲ့ အရည်အချင်းနဲ့ ပေါင်းစပ်နိုင်မှသာ လူထု ခေါင်းဆောင်ဆိုတဲ့ အမည်နဲ့ ထိုက်တန်ပေလိမ့်မယ်။ အကျပ်အတည်းတွေ အခက်အခဲတွေရှိနေလို့ မအောင် မြင်သေးတာဟု ဆင်ခြေပေးလို့မရနိုင်တော့ပါ။ ဒါကြောင့် လူထုရှေ့က တော်လှန်ရေးသမားတဦးရဲ့ အရည်အ ချင်းကို ဘာနဲ့တိုင်းတာမလဲဆိုရင် ထိုသူကိုယ်စားပြုနေတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လောက်တိုး တက်မှုရှိသ လဲ ဆိုတဲ့အချက်နဲ့ပဲ တိုင်းတာရပါလိမ့်မယ်။

ရွေး/ဆန့် အဖွဲ့တို့အဖို့ တော်လှန်ရေးကိုသာ ဆက်လက်ဆင်နွှဲကြရပါတော့မယ်၊ ကုန်လွန်ခဲ့တဲ့ အနှစ် (၂၀) တော်လှန်ရေးခရီးကိုတော့ မည်သို့သုံးသပ်မယ် မသိပါ၊ သို့ပေမယ့် မအောင်မြင်သေးတာကတော့ အမှန်ပါ၊ ဒါ ကြောင့် ဆက်တိုက်ရမယ့် တိုက်ပွဲပုံစံကို ဘယ်လိုပြုပြင်ပြောင်းလဲပြီး တိုက်ကြမည်လဲ၊ အနှစ် (၂၀) လုံးလုံး မှုန်ဝါးခဲ့တဲ့ ဘုံရည်မှန်းချက်ရဲ့အောက်မှာ ပြည်တွင်းပြည်ပက ရွေး/ဆန့်တို့ ညီညွတ်စွာ အတူရပ်ကြပြီလား။ မည်သို့ဆိုစေ ရွေး/ဆန့် တို့ရဲ့ စွမ်းဆောင်ချက်များကို တွေ့ကြရတော့မှာဖြစ်ပါတယ်။ နောက်လေးနှစ်၊ နောက် ရှစ်နှစ်လောက်ကြာတဲ့အခါ လူထုအခြေအနေကို ကြည့်ရပါမယ်။ ရွေး/ဆန့် တို့ရဲ့ စွမ်းဆောင်မှု၊ တော်လှန်ရေး လမ်းစဉ် မှန်ကန်မှုကြောင့် လူထုရဲ့ရုပ်ပိုင်းဘဝတွေ ဘယ်လောက် တိုးတက်လာကြမယ်။ ရုပ်ပိုင်းအခြေအနေ မတိုးတက်နိုင်သော်မှ စိတ်ပိုင်းခံစားချက်တွေ ဘယ်လောက် တိုးတက် ပြင်းထန်လာမယ်။ ဒီမိုကရေစီရဲ့ ရန်သူ တွေကိုတိုက်မယ့် ပြည်သူ့အားတွေ ဘယ်လောက်နိုးကြား တက်ကြွလာတယ်ဆိုတာ စောင့်ကြည့်ကြရမှာပါ။ လူ ထုအတွက် ကျေနပ်လောက်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ မြင်လာရပြီဆိုရင်တော့ ရွေး/ဆန့် တို့ရဲ့ လမ်းစဉ်ဟာ မှန်ကန်မည်ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ရွေး/ဆန့်ရော ရွေး/ဝင်ပါ ဘယ်သူတွေ မှန်ကြမလဲဆိုတာ မကြာသောကာလက အဖြေထုတ်ပေး မည်ဖြစ်ပါကြောင်း …။

ဦးဖိုးသာအောင်

Tuesday, 3 November 2009

ဘာဖြစ်သလဲ နာဂစ် (ဇာဂနာ)


တစ်ချို့ ကဗျာတွေက စကားလုံးတွေရဲ့ အလှကို ဖတ်ပြီး ခံစားရသလို၊ အသံအနေအထား၊ အဖြတ်အတောက် လေးတွေနဲ့ ရွတ်ဆိုတဲ့ အခါမှာ၊ နောက်ထပ် အသံကပေးတဲ့ အရသာသစ်တစ်ခု ထပ်ထွက် လာပါတယ်။ ကောင်းကင်(နိုင်ငံပြုအနုပညာမဂ္ဂဇင်း)က ရည်မွန်ရဲ့ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ” ကဗျာ အပိုင်း (၁) နဲ့ (၂) ကို ဗွီအိုအေ-မြန်မာပိုင်း(VOA-Burmese)ရဲ့ “အနုပညာမိုးကောင်းကင်” အစီအစဉ်မှာ ကိုကျော်အောင်လွင်က ခံစား ရွတ်ဆိုထားချက်ကို တစ်မျိုး ပြန်ခံစားနိုင်ဘို့ တင်ဆက်ပေးလိုက်ပါတယ်။



ဘာဖြစ်သလဲ နာဂစ်

ဆန်တွေ ရဟတ်ယဉ်စီးတယ်။

4.W.D စီးတာ

ဌားခ သိန်းခုနစ်ဆယ

်ဘိုကလေးက

အင်းလျားလမ်းထက် ဈေးကြီးတယ်။


ဘာဖြစ်သလဲ နာဂစ်

ဟော်လံဘီယာတေ

ွလခစားတယ်။


ကမ်းရိုးတန်းဖုန်း

နှစ်ဆယ့်သုံးသိန်းပေါက်တယ်။


ဘာဖြစ်သလဲ နာဂစ်

ဆားချက်တဲ့ ကန်ထ

ဲရေငန်ဝင်တယ်။


လူတစ်ထောင် အလုပ်ရဖို့

လူတစ်သိန်း ရင်းရတယ်။


နဂါးဖြစ်ဖြစ်

ပန်းဖြစ်ဖြစ်


ဘာဖြစ်လဲ နာဂစ်

ဘာမှ မဖြစ်ဘူး

ဘာမှမလုပ်သေးလို့။


ဇာဂနာ(၂၀၀၈)



Last Updated ( Saturday, 17 October 2009 12:51 )

Saturday, 17 October 2009

Friday, 2 October 2009

စတင်းဖို့ဒ်တက္ကသိုလ်တွင် ဦးသန့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကျင်းပ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အား ဂုဏ်ပြုအောက်မေ့သည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု၊ စတင်းဖို့ဒ်တက္ကသိုလ် တွင် ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဦးသန့်သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ ကုလအကြီးအကဲတစ်ဦး အဖြစ်သော်လည်းကောင်း ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓာတ်ပုံပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပြည်သူ့ဆက်သွယ်ရေး နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ မစ္စတာ ကီရိုအာဆာကာက ဓာတ်ပုံပြပွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင် ပြောကြားသည်။

ဦသန့်သည် အမြော်အမြင်ကြီးမား ပြတ်သားသူဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသောအဖွဲ့တစ် ခုအဖြစ် သတ်မှတ်ယုံကြည်ခဲ့သူ အကြီးအကဲတစ်ဦးဖြစ်ကြောင်း ၎င်းကဆိုသည်။ "ဒီနေ့ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်း ပါးမှုတိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို့ပေါ်ပေါက်လာတာပါ" ဟု မစ္စတာ ကီရိုအာဆာကာက ပြောပါသည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆယ်နှစ်တာကာလမျှ ကုလအကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ဦးသန့်သည် ကမ္ဘာပေါ်တွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည် ဟု သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။

"ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းတဲ့ စိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျူးဘား ဒုံကျည် အရေးကိစ္စ၊ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေးကိစ္စ၊ တောင်အာဖရိက လူမျိုးရေးခွဲခြားမှုကိစ္စ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါ" ဟု ကုလသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

လူသား ဖြစ်တည်မှုနှင့် လူတစ်ဦးချင်းစီ၏ တန်ဖိုး ဟူသည် မိမိတို့ပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများထက် များစွာ သာလွန်ပါသည်။ အစိုးရများ၊ နိုင်ငံရေးစနစ်နှင့် အိုင်ဒီယာ များဟူသည် ဖြစ်၊ပျက် သဘောမျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှု ဟူသည်သာ ကျန်ရှိပါလိမ့်မည်" ဟု ဦးသန့်က ရေးသားခဲ့ဖူးကြောင်း ၎င်းကဆိုသည်။

အဆိုပါ စာသားများသည် ယနေ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ အသက်ဝိညာဉ် ဖြစ်သကဲ့သို့ ကုလအဖွဲ့ကြီး အသက်ဆက် လည်ပတ်နိုင်ရေးအတွက် လမ်းညွှန် ပြသလျက်ရှိကြောင်း မစ္စတာ ကီရိုကပြောပါ သည်။

Photographic exhibition pays tribute to former UN Chief U Thant ကိုဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Tuesday, 29 September 2009
















(၂) နှစ်တာကုန်လွန်သွားခဲ့ပေမယ့်ဆူးလေဘုရားလမ်း၌နအဖ၏မတရားပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော ဂျပန်သတင်းထောက် မစ္စတာ နာဂအိကန်ဂျီ ၏သေဆုံးသွားမှုမှာ ယနေ့တိုင်မေ့မရနိုင်ပါ။

ဆရာတာရာမင်းဝေ၏ ကျောင်းသားအတ္ထုပ္ပတ္တိ

ကျောင်းသားအတ္ထုပ္ပတ္တိ

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)

Friday, 25 September 2009

Saffron Elegy







အဝါရောင်တမ်းချင်း

ချည်တဲ့ကြိုး

တစစ်ဖြည်ဖို့
ဝန်လေးနေပြီ

ဒီအတိုင်းဆို

ခက်ရချည်ရဲ့ ။

အားနွဲ့တဲ့သူ

မစာနာပဲ

သူတို့တွေမို့

လုပ်ရက်လေတယ်။

ဒီကနေ့

ဘာနဲ့စားမယ်

ဆန်အိုးတောင်

မှောက်ထားရပြီ။

အဝေးကနေ

အော်မနေနဲ့

မကြားရဘူး

နားပင်းကုန်ပြီ။

သြော်…..

မနေနိုင်လို့

သိက္ခာရှိတဲ့

အ၀ါရောင်တောင်

အရောင်ပြောင်းကုန်ပြီ။

ရေးသားတင်ပြသူ-တင်ညီညီထိုက်

ကြယ်ကြွေသက်သေ



ကြယ်ကြွေသက်သေ

တစ်ထောင့်ကိုးရာ
ရှစ်ဆယ်နှင့်ရှစ်
ထိုသက္ကရာဇ်တွင်
ကြယ်ပွင်လေးများ
ဖြုတ်ဖြုတ်သက်ကြွေ
ရော်ရွက်လေလား
လွင့်ပါးမျက်ကွယ်
ပြုခဲ့ကြသည်။

နှိမ့်ကွက်ခံရ
ကြိမ်ဖန်များသော်
အညတရလေ
ငွေကြယ်ပွင့်များ
မှေးမှိန်သွားသည်
အဆုံးဘယ်သို့
ရှိလိမ့်မည်နည်း။

တလွင့်လွင့်လူ
ညွန့်ဖူးကလေးများ
သေကံမရောက်ခင်
သက်ပျောက်ရသည်
အို....ဘယ့်နိုင်ငံ ကြီးပါလဲ။

ဤအတိုင်းသာ
ကြယ်ပွင့်လေးများ
စောစီးလွင့်ကြွေ
မပြုခဲ့လျှင်
ယခုချိန်ဆို
တောက်ပနေမြဲ
သာနေကြမယ့်
တိုင်းကျိုးပြည်ပြု
တာရာစုများ
မလွဲဧကန်
ဖြစ်မည်မှန်ပ။

ဓာတ်ပုံပါ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော အာဇာနည် ကျောင်းသူကလေး မဝင်းမော်ဦးနှင့် ဆရာဝန်နှစ်ဦးဖြစ်သည့် ဒေါက်တာစောလွင်နှင့် ဒေါက်တာမင်းသိန်း တို့ ရဲ့ ပုံဖြစ်ပါသည်။ အသေးစိတ်ကို ဧရာဝတီသတင်းကိုနစ်နေမာန်းမမေအိခင်မငယ်နိုင် တို့ဆီမှာ သွားရောက်လေ့လာနိုင်ပါတယ်။

Monday, 14 September 2009

ကမ္ဘာမကြေဘူး



ကမ္ဘာမကြေဘူး

ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့ရေ
အာဇာနည်တွေ နေတဲ့တိုင်းပြည် …
ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့ရေ
အာဇာနည်တွေနေတဲ့တိုင်းပြည် … ရဲရဲတောက် ဒို့ပြည်သူတွေ
ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
သြော် … လုပ်ရက်ကြပေ
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ … အတုံးအရုန်း လဲပြိုကာနေ
ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
သြော် … လုပ်ရက်ကြပေ
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ… အတုံးအရုန်း လဲပြိုကာနေ
ညီအကိုတော်တို့ … ပေတရာပေါ်မှာ စီးတဲ့သွေးတွေမခြောက်သေးဘူး
မတွေဝေနဲ့ … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့လို
ခိုင်မာပီပြင် တော်လှန်ပြစ်မလေ ….
အမျိုးချစ်တဲ့ ဒို့ဇာနည်တွေ (ဒို့ ပြည်သူတွေ)

Thursday, 10 September 2009




လူမဆန်စွာ ဘာသာတရားကိုစော်ကားတဲ့
ရွှေဝါရောင်တော်လှန်ရေးကြီးကလည်း
သွေးစွန်းခဲ့ပြီ....
အံ့မခန်း သွေးပျက်ဖွယ်
ယနေ့တိုင်အောင်
မျက်ရည်မခန်းခြောက်နိုင်တဲ့
နာဂစ်မုန်တိုင်းကြီးလည်း
တိုက်ခတ်ခဲ့ပြီးပြီ..
ကမ္ဘာ့လူထုတစ်ရပ်လုံးက
စုတ်တစ်သပ်သပ်နှင့်
ကြင်နာစွာ ပံ့ပိုးကူညီခဲ့....
ဘယ်မှာတုန်းဆိုပြီး
ပြေးရှာသည့်တိုင်မရနိုင်သည့်လူ့အခွင့်အရေး ....( Human Right )
အပြုံးမပျက်သူများမှာတော့ စစ်အာဏာရှင်တွေပေါ့
ထပ်ပြီးလည်း သွေးမစွန်းပါရစေနှင့်တော့..
နာဂစ်လည်းမကြုံပါရစေနဲ့တော့။


ရေးသားတင်ပြသူ ။ ။ တင်ညီညီထိုက်

Wednesday, 2 September 2009

စွန့်ခဲ့တာစားနေသူများ


မစားပဲနဲ့ စွန့်ခဲ့တာ..
ဒို့ဗိုလ်ချုပ်။
မစွန့်ပဲနဲ့ ထိုင်စားနေတာ..
စစ်အာဏာချုပ်။
မခံနိုင်လည်း အောင့်အီးနေရတာ..
ပြည်သူလူထု
တနုတ်နုတ်နဲ့
စုပ်စမြုပ်ကာ ဘဝတွေချုပ်။



ရေးသားတင်ပြသူ ။ ။ တင်ညီညီထိုက်(အာဇာနည်သွေး)

Friday, 21 August 2009

နောင်လာမဲ့ အနှစ် နှစ်ဆယ်

နောင်လာမဲ့ အနှစ် နှစ်ဆယ်

နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက်ပါအောင် လိုက်မိပါတယ်။တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)

မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)
ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။
ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။
ဆရာကြီး ဦးတင်မိုးရဲ့ သမီးဖြစ်သူ ဆရာမမိုးချိုသင်း၏ဘလောက်မှတဆင့် ပြန်လည်ကူးယူ မျှဝေပါသည်၊
မိုးချိုသင်း

Monday, 3 August 2009

လူထုကြားက နိုင်ငံရေး

နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။

မြန်မာပြည်မှာ အုပ်စိုးခဲ့သူအဆက်ဆက်က သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တိုးတက်သည်ဖြစ်စေ ဆုတ်ယုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် ပြည်သူလူထု ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သူတို့ကတော့ တိုင်းပြည်ကြီးကို သူတို့ ထူထောင်နေတယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သူတို့ကာကွယ်နေတယ်၊ ပြည်သူလူထု ကောင်းစားရေးကို ရှေးရှုပြီး ဦးဆောင်နေတယ်လို့ ပြောကြတာပါပဲ။ ဒီလိုပဲ နောက်အစိုးရတရပ်က ပြောင်းလဲအုပ်ချုပ်လိုက်ပြီ၊ အရင်အစိုးရရဲ့ အာဏာပိုင်မှု မရှိတော့ဘူး ဆိုရင်လည်း လက်ရှိအစိုးရကသာ တိုင်းပြည် ကောင်းစားရေးကို လုပ်ဆောင်နေတယ်၊ ဘယ်ခေတ် ဘယ်အခါကမှ မရှိဖူးတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီ စသဖြင့် ပြောလေ့ရှိပါတယ်။

ဒီအတိုင်းသာ မှန်မယ်ဆိုရင် မြန်မာပြည်ရဲ့ တိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုတွေက နိမ့်ပါးတဲ့အဖြစ်ကို ရောက်စရာမရှိဘဲ မြင့်မားတဲ့အနေအထားမှာသာ ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွတ်လပ်ရေးရပြီးစ ကာလတွေအတွင်း အရှေ့တောင်အာရှနိုင်ငံတွေထဲက အကြွယ်ဝဆုံးစာရင်းထဲ ပါဝင်ခဲ့တဲ့အခြေအနေကနေ ဒီကနေ့ ရောက်ရှိနေတဲ့ အနေအထားကို ယှဉ်ကြည့်လိုက်မယ်ဆိုရင်ဖြင့် မြန်မာပြည်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု အနေအထားကို ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီလိုပဲ ဘယ်လက်ထက်မှာ ပြည်သူတွေ ဘယ်လို ပြည့်စုံမှုရှိတယ်၊ ဘယ်လက်ထက်မှာတော့ ဘယ်လို ချို့ငဲ့ရတယ် ဆိုတာတွေကို ချိန်ထိုးကြည့်ရင်လည်း ဘယ်အစိုးရလက်ထက်က အကောင်းဆုံးဖြစ်ပြီး ဘယ်အစိုးရ လက်ထက်မှာ အဆိုးဆုံး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါဟာ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေစရာမလိုဘဲ အလွယ်တကူ သိနိုင်တဲ့ တွက်နည်းလည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးဟာ ပြည်သူတွေရဲ့ အရေးကိစ္စဖြစ်တယ်ဆိုတဲ့အတိုင်း ပြည်သူတွေကို ကြည့်လိုက်တာနဲ့ သက်ဆိုင်ရာ ခေတ်စနစ်ရဲ့ သရုပ်သကန်နဲ့ ပြည်စုံမှု လိုအပ်မှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်း စဉ်းစားမိတဲ့အခါ နိုင်ငံရေးသမား၊ စာရေးဆရာ သိန်းဖေမြင့်ရဲ့ ‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆိုတဲ့ ခရီးသွားဆောင်းပါးတွေကို သတိရမိပါတယ်။ အဲဒီစာအုပ်ထဲမှာ ခရီးသွားဆောင်းပါး ၆ ပုဒ် စုစည်းထားပြီး ၁၉၆၄ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးဆိုပေမယ့် တချို့ဆောင်းပါးတွေက မဂ္ဂဇင်းမှာ ၈ လ ကနေ ၁ဝ အထိ ခွဲပြီး ဖော်ပြရလောက်အောင် ရှည်ပါတယ်။ ဆောင်းပါးတွေထဲမှာ နေရာဒေသ တော်တော်များများကို သွားရောက်ရင်း အဲဒီဒေသတွေက လူတွေနဲ့ တွေ့ဆုံခဲ့ပုံတွေ၊ တွေ့ဆုံခဲ့သူတွေရဲ့ နေမှုထိုင်မှုတွေကို သမိုင်းဖြစ်ရပ် တချို့နဲ့အတူ ရောနှောရေးသားထားတာဖြစ်ပါတယ်။

‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆောင်းပါးများဟာ ပါလီမန်ဒီမိုကရေစီခေတ်နဲ့ တော်လှန်ရေးကောင်စီ ခေတ်ဦးမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်အခါက ကျေးလက်လူတန်းစား ပုံရိပ်တွေ၊ အဲဒီခေတ်အခါက နိုင်ငံရေး အခြေအနေတွေနဲ့အတူ စာရေးသူရဲ့ အယူအဆတွေကိုပါ ထင်ဟပ်စေတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။

ဖဆပလခေတ်မှာ အမတ်ဖြစ်ခဲ့တဲ့ ဆရာသိန်းဖေမြင့်က သူ့ခေတ်သူ့အခါက လူထုရဲ့ အနေအထားတွေနဲ့ အောင်မြင်တဲ့နိုင်ငံရေးအကြောင်းကို ‘အရှုံးထဲမှ အပြုံး’ဆိုတဲ့ ဆောင်းပါးမှာ အခုလိုရေးသားခဲ့ပါတယ်။

“ဆွေမျိုးသားချင်းတွေထဲတွင် ကျနော်တစ်ယောက် ထွန်းထွန်းပေါက်ပေါက် ပညာတတ်မြောက်ခဲ့ရသည်။ ကျနော်ကား ဆင်းရဲသော ဆွေမျိုးသားချင်းများအား မထောက်ပံ့ မကူညီနိုင်။ ထို့ကြောင့် ကျနော် ရင်ဖိုခြင်း ဖြစ်ရလေသည်။ သို့ရာတွင် ဆင်းရဲကျပ်တည်းခြင်းမှာ ကျနော့်ဆွေမျိုးသားချင်းများ၏ ထူးခြားချက် ကွက်ကွက်မဟုတ်ပါ။ သူတို့သည် သန်းပေါင်းများစွာသော လူထုနှင့်အတူ ကျေးရွာထောင်ပေါင်းများစွာတွင် ဆင်းရဲခြင်း၊ ရောဂါထူခြင်း၊ အသိပညာကင်းမဲ့ခြင်းတို့၌ တဝဲလည်လည် နေကြရ၏။ နိုင်ငံရေးလုပ်ခြင်းသည် တနိုင်ငံလုံးရှိ ထိုလူထုအား ထိုဝဲသြဃထဲမှ လွတ်မြောက်အောင် လုပ်မပေးနိုင်သမျှ အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်ချေ။ တစ်ယောက်တည်း ဝန်ကြီးဖြစ်ရုံ သို့မဟုတ် ဝန်ကြီးချုပ်ဖြစ်ရုံဖြင့် အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်။ မိတ်ဆွေတစု၊ ဆွေမျိုးသားချင်းတစု ကြီးပွားအောင် လုပ်ပေးနိုင်ကာမျှဖြင့်လည်း အောင်မြင်သောနိုင်ငံရေးဟု မခေါ်နိုင်ပါချေ။”

ဆင်းရဲတဲ့ပြည်သူတွေ ဒီလို ရှိနေပေမယ့် လွတ်လပ်မှုနဲ့ပတ်သက်လို့တော့ တိုးတက်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာသိန်းဖေမြင့်က



“လူထုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း တုံးအောက်က ဖားလို ပိပြားစွာနေခဲ့ရသည်။ ဘာသာရေး ပွဲလမ်းသဘင်များ ရံဖန်ရံခါ ရှိလျှင်သာ မြူးထူးခုန်ပေါက်နိုင်ကြ၏။ နိုင်ငံရေးလှုပ်ရှားမှုကား အီနေသော ရေမျက်နှာပြင်အောက်မှ ရေစီးသလိုသာ နေခဲ့ရသည်။ ယခုမူ နိုင်ငံရေးလှုပ်ရှားမှုသည် မျက်နှာပြင်သို့ တက်လာခဲ့ပေပြီ။ ယခင်ကမူ နိုင်ငံရေးတရားကို နေ့ခင်းနာဖို့ပင် တထိတ်ထိတ် တလန့်လန့် ဖြစ်ခဲ့ရသည်။ ယခုမူ ညတရားပွဲများပင် လုပ်လာကြလေပြီ။ လူထုရင်တွင်းမှာ ငုပ်လျှိုးခဲ့သော နိုင်ငံရေးစိတ်ဓာတ်သည် ယခုအခါ ပွင့်လင်းစွာ မြူးထူးခုန်ပေါက်လာပေသည်။” လို့ ဖော်ပြခဲ့ပါတယ်။

ဆင်းရဲသားဆိုတာ ခေတ်တိုင်း စနစ်တိုင်းမှာ ရှိနေနိုင်ပေမယ့် ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း တိုးတက်မှုမရှိတဲ့ သဘောကတော့ မကောင်းပါဘူး။ ဥပမာအားဖြင့် ‘တော်လှန်ရေးအစိုးရလက်ထက် ဘုတလင်ကို ဤသို့ တွေ့ခဲ့ရ၏’ ဆိုတဲ့ဆောင်းပါးမှာ ဆရာသိန်းဖေမြင့်က ဦးသူတော်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးထားပါတယ်။ ဦးသူတော်ဟာ လွန်းပျံ ရက်ကန်းသမဝါယမရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ ဖြစ်တဲ့အကြောင်း ရှင်းပြပြီးတဲ့နောက်



“ဦးသူတော်ကား ယခင်ကလည်း ဥက္ကဋ္ဌ၊ ယခုလည်း ဥက္ကဋ္ဌ။ ထို့အတူ ယခင်ကလည်း ဆင်းရဲချည့်နဲ့သော အိမ်ကုပ်ကလေးဖြင့် နေရ၍ ယခုလည်း ထိုအိမ်ကုပ်ကလေးဖြင့်ပင် နေရလေသည်။”လို့ သူ့ရဲ့သုံးသပ်ချက်ကို ရေးသားထားပါတယ်။ ဒါက ဥပမာတစ်ခုပါ။

နောက်တစ်ခုကတော့ ယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ချို့တဲ့လှတဲ့ ထမင်းဝိုင်းပါ။ အလုပ်နားချိန်မှာ ထမင်းဝိုင်းဖွဲ့စားဖို့တောင် ဘာဟင်းမှ မပါလို့ ထမင်းထုပ် ဖြေမပြရဲတဲ့ ဖြစ်ရပ်ကလေးပါ။ အဲဒါနဲ့ဆက်စပ်ပြီး ဆရာ သိန်းဖေမြင့်က သူ့အတွေ့အကြုံတချို့ကို အခုလို ရေးပြပါတယ်။

“သူတို့စားရပုံ သောက်ရပုံကိုကြည့်ရင်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ကိစ္စတစ်ခု သွားသတိရလေသည်။ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီးရွာမှာ ဖြစ်လေသည်။ ရွာတွင်းလျှောက်လည်ရာ ဆင်းရဲနွမ်းပါးလှသော အမယ်အိုတစ်ဦး ထမင်းချက်နေသည်ကို တွေ့ရ၍ ဝင်ကြည့်သည်။ ထမင်းအိုးကို လှန်လိုက်ရာ ဆန်ကွဲတွေ ကျိုနေသည်ကို တွေ့ရသဖြင့် ကျနော်က ‘ဘာလုပ်ဖို့လဲ’ဟု မေးလိုက်၏။ အမယ်ကြီးက ‘ခွေးကျွေးဖို့ပါ’ဟု ဖြေခဲ့၏။ နောက်အမှန်သိရသည်မှာ အမယ်ကြီးသည် ခွေးကျွေးဖို့မဟုတ်ဘဲ၊ သူသောက်ဖို့ ကျိုနေခြင်းဖြစ်ကြောင်းတည်း။ မြန်မာ့အလင်းမှာ ဆားလင်းကြီးသွား ဆောင်းပါးရေးရာ စာမူကြမ်းတွင် ကိုနု (ဝန်ကြီးချုပ်ဟောင်း ဦးနု)က ဤကိစ္စအကြောင်း ရေးထားသော စာပိုဒ်ကို မျဉ်းသားကာ လက်ဝဲဘေးမှ စာရေးဆရာ ချဲ့ကားသည်ဟု မှတ်ချက် ရေးသားလိုက်လေသည်။

ယခုလည်း ကျနော်က ချဲ့ကားသည်ဟု ထင်သူ ရှိကောင်းရှိပေလိမ့်မည်။ ထင်သူအား အပြစ်မတင်ပါ။ လူတွေ၏ ဆင်းရဲမှုမှာ ယုံနိုင်ဖွယ်ရာ မရှိပါချေ။”

ဒီကနေ့မှာလည်း ဒီလို ယုံနိုင်ဖွယ်မရှိတဲ့အရာတွေက ကျနော်တို့တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ ရှိနေပါတယ်။ ပြည်သူကြားက နိုင်ငံရေး ဘယ်လိုရှိနေတယ်ဆိုတာ အုပ်စိုးသူတွေ သိရှိ စာနာနိုင်မှ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်မှ တိုင်းပြည်ရဲ့ နိုင်ငံရေး ကောင်းစားမှာဖြစ်ပါတယ်။



မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။



ထိန်လင်း (၂၇ ၊ ၇၊ ၂ဝဝ၉)



၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၃၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Friday, 3 July 2009

Wednesday, 1 July 2009


A 39-year-old Buddhist monk Ven Ashin Saddhamma from Twan Tay was sentenced to 19 years imprisonment in connection with 2007 September protests.

Five Buddhist monks Ven. U Nanda, Ven. U Vilasagga, Ven. Ashin Aggadhamma, Ven. Ashin Issariya and Ven. Ashin Janeya from Ngwe Kyar Yan Monastery were aslo sentenced to 6 years imprisonment each for leading peaceful protests ( known as Saffron Revolution).

The monks were convicted of unlawful assembly, joining unlawful associations, creating public alarm and seditious activities.

They were sentenced in a closed-door trial without their defence lawyers , and relatives are not allowed to appear in court.

Burma's Army raided many monasteries at 2007 September's midnights and arrested more than 700 monks.

Friday, 12 June 2009

ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာအရပ်ရပ်မှ ချီးမြှင့်သောဆုတံဆိပ်များ


  1. Honorary Fellow St Hugh's College (Oxford, UK) 1990
  2. Thorolf Rafto Human Rights (Norway) 1990
  3. Sakharov Freedom of Thought (European Parliament) 1991
  4. Nobel Peace Oslo, Norway 1991
  5. Honorary Member International PEN (Norwegian Center) 1991
  6. Humanities Human Rights Award (USA) 1991
  7. Honorary Member International PEN (Candian Center) 1991
  8. Marisa Bellisario Price Italy 1992
  9. Annual Award of the international Human Rights Law Group (USA) 1992
  10. Honorary President Students' Union London School of Economics and Political Science ( UK ) 1992
  11. Honorary Member International PEN (English Centre) 1992
  12. Honrary Life Member University of London Union (UK) 1992
  13. Honorary Professional Fellowship Law and Society Trust (Sri Lanka) 1992
  14. Honorary Doctorate in Political Science Thammasat University (Thailand) 1992
  15. International Simon Bolivar prize UNESCO 1992
  16. Prix Litteraire des Droits de l'Homme Nouveaux Droits de l'Homme, France 1992
  17. Honorary Member World Commission on Culture and Development (UNESCO) 1992
  18. Member Academie Universelle des Cultures (Paris) 1993
  19. Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen 1993
  20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA 1993
  21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993
  22. Honorary Doctorate of Law University of Toronto (Canada) 1993
  23. The Freedom of the City Commune of Giugliano, Italy 1993
  24. Bremen Solidarity City of Bremen, Germany 1993
  25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) 1993
  26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994
  27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994
  28. The Freedom of the City Aversa, Italy 1995
  29. Liberal International Prize for Freedom Britanints Liberal Democracy Party, UK 1995
  30. Honorary Doctorate of Laws Queen's University, Canada 1995
  31. Jawaharlal Nehru Award for International Understanding (for 1993) India 1995
  32. Gandhi Award Simon Fraser University, Canada 1995
  33. Honorary Doctorate of Civil Law University of Oxford 1995
  34. IRC Freedom Award International Rescue Committee 1995
  35. Companion of the Order of Australia Australia 1996
  36. Liberal International Prize (UK) 1996
  37. Asia Human Rights of Law (Japan) 1996
  38. W.Averell Harrimen Democracy Award National Democratic Institute U.S.A 1996
  39. Rajiv Shmirti Parashka [Rajiv Gandhi Memorial Award] India 1996
  40. Empty Chair Award Women of the Year Lunch, London, UK 1996
  41. Honorary Doctorate of Law Charles University in Prague, Czeeh Republic) 1997
  42. Honorary Doctorate of Letters Sydney University of Technology, Australia 1997
  43. Honorary Doctorate of Letters California Chapman University, U.S.A 1997
  44. Honorary Doctorate of Law Natal University, South Africa 1997
  45. Honorary Doctorate of Law America University,Washington D.C, U.S.A 1997
  46. Distinguished Alumni Award Central University / Delhi University 1997
  47. Honorary Citizenship of Rome (Italy) (May 23,1997) 1997
  48. Honorary Doctorate of Letters Glasgow University (UK) 1997
  49. Pearl S. Buck Woman's Award Pearl S. Buck Foundation (USA) 1997
  50. International Award St. Angela's Peace and Justice Group, Waterford (Eire) 1997
  51. Profiles in Courage Award Kennedy Society of Denmark 1997
  52. Honorary Doctorate Cambridge University (June 1998) 1998
  53. Freedom of the City (Oxford, UK) 1998
  54. Honorary Doctorate of Laws University of Wales, Cardiff 1998
  55. Honorary Doctorate of Laws University of Bristol (UK) 1998
  56. Honorary Doctorate of Laws University of Melbourne (Australia) 1998
  57. Honorary degree Université catholique de Louvain, Belgium - December 1998
  58. Honorary Degree University of Bath (UK) - December 1998
  59. Honorary Degree Bucknell University - May 1999
  60. Freedom Award International Republican Institute, USA (October 1999) 1999
  61. The Freedom of the City of Dublin Award Ireland (November 1999) 1999
  62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000
  63. Presidential Medal of Freedom Award U.S.A. (December 2000) 2000
  64. Collage United Nations Prize 2001 Germany (June 2001) 2001
  65. International Social Welfare Prize University of Southern CaliforniaSchool of Social Work- (December 8) 2001
  66. Al Neuharth Free Spirit Award U.S. Foundation, Washington, USA 2003
  67. MTV Humanitarian Award, "Free Your Mind" MTV Europe, EDINBURGH, UK 2003
  68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004
  69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004
  70. TIME's Asia's Hero 2004 TIME MAGAZINE 2004
  71. The Honorary Citizen of Paris France 10/12/2004
  72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/12/2004
  73. Outstanding Women in Buddhism United Nations Gender and Religious department 8/03/2005
  74. Honory Degree in Political Science Thammasat University, Thailand 19/06/2005
  75. Freedom of the City Award The City Council of Edinburgh, Scotland 16 /06/ 2005
  76. Freedom of Galway City Galway city, Ireland June 2005
  77. UNISON Honorary Membership UNISON, Britain's largest trade union, June 2005
  78. Olof Palme Prize Sweden, February 2006
  79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006
  80. New Statesmen Magazine Hero New Statesmen Magazine, May 2006
  81. Netaji Subhas Chandra Bose International Deshprem Award, India, 2007
  82. Award from University of Cape Town, South Africa