ရေးသားတင်ပြသူ-တင်ညီညီထိုက်
Wednesday, 13 January 2010
နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု
ုရန်ကုန်မြို့တော်၏ တောင်းရမ်းစားသောက်သူများကို တခါတရံ မြို့တော်စည်ပင် နှင့်ရဲတို့က ဖမ်းပြီး ပြန်လည်လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည့် အဖြစ်မျိုးလည်း ရှိခဲ့သည်။ ဘူးသီးတောင် မောင်တောဘက်ပို့ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် နေရာချထားပေးသည့် အဖြစ်လည်း လွန်ခဲ့သည့် နှစ်ပိုင်းကရှိခဲ့သည်။ အချို့လည်း ပြန်ပြေးလာကြသည်။ မပြန်လာနိုင်သူတွေကတော့ ထိုဒေသမှာပဲ နေထိုင်လျက်ရှိသည် ဆိုသည့် သတင်းများလည်း ဖတ်ရှုရသည်။ ကလေးများ တောင်းရမ်းစားသောက်သည့် ပြဿနာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဌါနက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ဖြစ်သည်။ သို့သော် အဆိုပါဝန်ကြီးဌါန အနေဖြင့်လည်း လက်တွေ့တွင် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ၊ နည်းဗျူဟာ အသုံးစရိတ်တို့ လုံလောက်အောင် ရှိဟန်မတူ။ ပွဲဈေးတန်းများ၊ လူစည်ကားရာနေရာများ၊ လမ်းဘေး ပလက်ဖောင်းများတွင်လည်း လသားအရွယ် တနှစ်သား၊ နှစ်နှစ်သား အရွယ် ကလေးများကို ချကာနေပူမိုးရွာ မရှောင်တောင်းရမ်းနေသည့် အဖြစ်သည် ရန်ကုန်မြို့၏ အဂါင်္ရပ် တခု၊ ပုံရိပ်တခုဖြစ်လာနေသည်။ နိုင်ငံတကာတွင်လည်း တောင်းရမ်းစားသောက်သူ ပေါများသည့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့သည် ထင်ရှားသည်ဟု ဖတ်ရှုရသည်။ ရန်ကုန်မြို့သည် တစနှင့်တစ တောင်းရမ်းသူတို့၏ မြို့ဖြစ်လာသည်။ ရန်ကုန်မြို့သည် ယခုလောက် မည်သည့်ကာလကမှ တောင်းရမ်းစားသောက်သူမများခဲ့ဟု မြို့ခံများက တူညီစွာပြောဆိုကြသည်။ ယခုဖေါ်ပြခဲ့သည်မှာ လမ်းပေါ်မှ တောင်းရမ်းသူများ၏ အကြောင်းသာဖြစ်ပါသည်။ ရန်ကုန်မြို့၏ ဟိုတယ်ခန်းထဲမှာ၊ ဖိတ်ဖိတ်တောက်နေသည့် ရုံးခန်းများထဲမှာ၊ စုတ်ပြတ် ဟောင်းနွမ်းနေသည့် အစိုးရ ဌါနဆိုင်ရာရုံးခန်းများထဲမှာ ကြီးပွားရာကြီးပွားကြောင်း အတွက် အာဏာကို အသုံးပြုပြီး တောင်းရမ်းစားသောက်သည့် အဖြစ်အပျက်များကတော့ ယခုအဖြစ်များနှင့် မတူကွဲပြားသည့် အခြားသော တောင်းရမ်းမှု များသာဖြစ်ပါသည်။
No comments:
Post a Comment