Tuesday, 26 January 2010
ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ
၂၅ ဇန်န၀ါရီ ၂ဝ၁ဝ
ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖ စစ်တပ် ရှေ့တန်း စခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည် အထိ ရှိလာနေသည်။ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလ ကတည်းက ဝ မြောက်ဒေသ အနီး ဟိုပန် မြို့နယ်အတွင်း လာရောက် တပ်စွဲနေသည့် မိတ္တီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်များမှ စစ်သည်များ ထွက်ပြေး နေကြသည်ဟု စစ်တပ်နှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် ဒေသခံ တဦးက ပြောသည်။၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့ တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့် အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်း ပြည်သူ့စစ် အဖွဲ့မှ ပြန်လည် ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည် အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ် ပြနေခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာ ဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ ကောင်တွေ မပြေးရဲအောင် ပစ်သတ် ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ် မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစား စစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန် တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေး သကဲ့သို့ ဆက်သွယ်ရေး တပ်ရင်း၊ အမြောက်တပ်ရင်း စသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ် အစည်းဝေး လျှို့ဝှက် မှတ်တမ်းများ အရ သိရသည်။တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲ ကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါး လာမှုကြောင့် အဓိက ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်း နည်းလာတယ်။ ကိုးကန့် အရေးခင်း ကာလတုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့် ဖြစ်သွားတယ်။ ကိုးကန့် ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်း စခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေ ထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာ ကျေတာ တွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။
(ခေတ်ပြိုင်)
Sunday, 24 January 2010
ရန်ကုန်လေဆိပ်တွင် အဖမ်းခံရသူ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ

ဦးညီညီအောင်ကို အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ - ၅ (ည) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရားရုံးထုတ်မည်ဟု အမေရိကန် သံရုံးက မိသားစုထံသို့ အကြောင်း ကြားကြောင်း ဒေါ်ခင်ခင်ဆွေကဆက်ပြောသည်။ “သူ့ကို အောက်တိုဘာ ၁ ရက်နေ့ လှိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ ပြောပါတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။ ရန်ကုန်ရှိ အမေရိကန် သံရုံးက ရှေ့နေငှားရမ်းရန် ကူညီမည်ဖြစ်ရာ ဦးညီညီအောင်၏ သဘောထားအရ သူ၏ အမှုလိုက် ရှေ့နေအဖြစ် ရှေ့နေ ဦးကြည်ဝင်းကို ငှားရမ်းလိုကြောင်း သိရသည်။ ဖမ်းဆီး၊ ထိန်းသိမ်းခံရစဉ် အတောအတွင်း နှိပ်စက် ညှင်းပန်းမှုခံခဲ့ရသေးကြောင်း ဦးညီညီအောင်၏ အကိုတော်စပ်သူ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးကိုကိုအောင်က ပြောသည်။ ဦးကိုကိုအောင်က “သူ အထဲမှာ အနှိပ်စက်ခံရတယ်၊ ၇ ရက် ထမင်းမကျွေးဘူး၊ ၁၀ ရက် ဝန်းကျင်လောက် နှိပ်စက်ခံရတယ်၊ မျက်နှာက အစ တကိုယ်လုံး ရိုက်နှက်ခံရတယ်လို့ ကောင်စစ်ဝန်ကတဆင့် ကျနော်တို့ကို ပြောပြတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက အနှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးအတွက် ဆေးကုသခွင့် တောင်းထား သော်လည်း ယခုထက်ထိ မရသေးသဖြင့် မိသားစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။ မြန်မာပြည်ထဲ ပြန်သွားရခြင်း အကြောင်းအရင်းကို ဦးညီညီအောင် ကိုယ်တိုင်သာ သိနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းအဖမ်းအဆီးခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ၁၇ ရက်ကြာ မည်သည့် သတင်းမျှ ထုတ်ဖော်ခဲ့ခြင်းမရှိကြောင်း ဦးကိုကိုအောင်က ဆက်ပြောသည်။ ဦးညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သူ၏ မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက်သက်အောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။ နှလုံးရောဂါရှိသော မသက်သက်အောင်သည် မြင်းခြံထောင်တွင် ယခုအခါ မျက်လုံးဝေဒနာနှင့် အကျောကပ်ခြင်း ဝေဒနာကိုပါ ခံစားနေရကြောင်း ဒေါ်ခင်ခင်ဆွေကပြောသည်။
ဦးညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူခဲ့သည်။
Monday, 18 January 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ယနေ့မွန်းလွဲပိုင်း၌ (၂) နာရီကြာခန့် တွေ့ဆုံခဲ့သည်။“ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၁) နာရီခွဲကနေ (၁) နာရီခွဲလောက် အထိ အင်းယားလိတ်မှာ တွေ့ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နဲ့ (၃:၄၀) နာရီမှာ တွေ့နေပါတယ်” ဟု အန်အယ်လ်ဒီပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။အဆိုပါတွေ့ဆုံပွဲသို့ သတင်းမီဒီယာများအား ၀င်ရောက် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သော်လည်း မေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။“ဓာတ်ပုံရိုက်ခွင့်ပဲပေးတယ်။ ရိုက်ပြီး ပြန်ရတာပဲ။ သတင်းအချက်အလက် ဘာမှမရပါဘူး။ အန်တီစုကို တွေ့ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာပါတယ်။ သူ့မျက်နှာက အရမ်းကျက်သရေ ရှိနေတာပါပဲ” ဟု အင်းယားလိတ်သို့ သွားရောက်ခွင့်ရသည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံမှုသည် အမေရိကန်နှင့်မြန်မာအစိုးရ (၂) ခုအကြား (၁၀) စုနှစ်အတွင်း အဆင့်အမြင့်ဆုံးအရာရှိများ တွေ့ဆုံခြင်းဖြစ်သည်။တွေ့ဆုံသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရထိန်းချုပ်ထားသည့်မီဒီယာများက မစ္စတာကမ်ဘဲလ်၏ (၂) ရက်ကြာခရီးစဉ် နှင့်စပ်လျဉ်း၍ ယနေ့အထိ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။ယခုကဲ့သို့ အဆင့်မြင့်အမေရိကန် သံတမန်များ မြန်မာနိုင်ငံ လာရောက်ခြင်းသည် အမေရိကန်အစိုးရက ပိတ်ဆို့တားမြစ်မှုများနှင့်အတူ တိုက်ရိုက်ပြောဆိုဆက်ဆံမှုများ ပြုလုပ်သွားမည်ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီသစ်တရပ် ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။
မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့အပါအ၀င် အမေရိကန်ကိုယ်စားလှယ် (၄) ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် (၁) နာရီကြာတွေ့ဆုံခဲ့သည်ဟု အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “ဆွေးနွေးပွဲမှာ အဓိကထားပြောဖြစ်ကြတာကတော့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေကို ဆွေးနွေးသွားကြတာပါ” ဟု ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ (၆) ဦးသာ တက်ရောက်နိုင်ခဲ့ပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိပေ။၂၀၀၈ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်ခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်အစိုးရက စီစဉ်ပေးသော သံတမန်တွေ့ဆုံပွဲများတွင် တက်ရောက်ခွင့်ရခြင်းမရှိဘဲ ယခု ပထမအကြိမ်အဖြစ် နိုင်ငံခြားသံတမန်များနှင့် တရားဝင်တွေ့ဆုံနိုင်ခြင်းဖြစ်သည်။
Friday, November 6, 2009
Wednesday, 13 January 2010
နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု
ရေးသားတင်ပြသူ-တင်ညီညီထိုက်
Monday, 4 January 2010
ငါးထောင်တန်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းပြောင်းလဲလာသော မြန်မာ့ ဖုန်းအခွန်ကောက်ခံမှု နှုန်းထား။

ငါးထောင်တန်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းပြောင်းလဲလာသော မြန်မာ့ ဖုန်းအခွန်ကောက်ခံမှု နှုန်းထား။ ဇန်န၀ါရီ တစ်ရက်နေ့မှ စတင်ပြီး လက်ကိုင်ဖုန်းအခွန်များကို တိုးမြှင့်ကောက်ခံ ခြင်းနှင့်ပတ်သက်ပြီး မြန်မာ ပြည်သူပြည်သားများ အတော်ပင် စိတ်ဓါတ်ကျဆင်းနေကြသည်။ နှစ်သစ်တွင် ပျော်ရွှင်ခြင်းများနှင့်မစတင်ရပဲ စိုးရိမ်မှုများနှင့်ပြည့်နှက်နေခဲ့ရ သည်ဟု ကြားသိရပါသည်။ စီးပွားရေးအကြပ်အတည်းနှင့်ကြုံတွေ့ကာ ငွေကြေးလောက်ငှမှုရှိရန်အတွက်ရုန်းကန်နေရသော ပြည်သူလူထု အားငဲ့ငြာ မှု မရှိဘဲ ယခုကဲ့သို့ သတ်မှတ်ခဲ့သည် မှာ အစိုးရ၏ပြည်သူလူတုအပေါ်တွင် စာနာထောက်ထားမှုမရှိကြောင်းမှာ သိသာနေပါသည်။ ပြည်သူအများ စားဝတ်နေရေးဖူလုံဖို့ပင် ရုန်းကန်နေရပါသော်လည်း ဆက်သွယ်ရေးကဏ္ဍမှာလည်းတိုင်းပြည်တစ်ပြည်အတွက် အရေးပါသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ လက်ကိုင်ဖုန်းအခွန်များဈေးနှုန်းတိုးမြှင့်ကောက်ခံခြင်းအားဖြင့်ပြည်သူ များမှာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်တွင်ပင် ဖုန်းအခွန်ကို ဦးစွာတွက်ပြီးမိမိဝင်ငွေနှင့်ချင့်ချိန်ကာ တစ်ဖက်သို့ ဆက်သွယ်ရမည့် အနေအထားရောက်နေ ကြောင်းကို တင်ပြလိုပါသည်။
ရေးသားတင်ပြသူ-တင်ညီညီထိုက်
Thursday, 17 December 2009
ဗိုလ်ချုပ်မှူးကြီးသည် ဘယ်သောအခါမှ လိုချင်တာအကိုက် မပေး၊ လိုချင်တဲ့ အချိန်ကိုက် မပေး
ဒီ သတင်းမျိုး ရေးရတာ က သိပ် တော့ အား မရှိပါဘူး ။အရင် ရက်တွေ က ရေးဘော် ရေးဘက်တွေ တင်တဲဒီ လို မျိုး တခြား သတင်းတွေ လည်း အများကြီး ရှိပါတယ်။သို့ပေမဲ့ တကယ် လက်တွေ့ ဖြစ် မလာ တာ က များပါတယ်။
လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အခု ကြား ရ တာ လေး ရေးပြတာပါ။အခုရက်ပိုင်း တော့ ၊ ဘာ ဒသင်း မှ ထူး လာ မှာ ၊ ဟုတ် တေး ၀ူး တဲ့ ဂျ။လာမဲ့ နောက် နှစ် ၊ သင်္ကြန် အပြီး ၊ အေပြီ လ ကျ မှ ၊ စ ကြေငြာ မှာတဲ့ ဂျ ၊အဲဒီ အခါ ကျ မှ ဥပဒေ တွေ ဘာ တွေ ထုတ်ပြီး ၊ ရွေးကောက်ပွဲ ကော်မရှင် တွေဖွဲ့ ကြ မှ တဲ့ ဂျ ။ အစိုးရ အဖွဲ့ က လဲ အသစ် လိုလို ၊ ခနဘန်း အစိုးရလိုလို ၊ကြီးကြပ်ရေး အစိုးရ လိုလို ၊ အိမ်စောင့် အစိုးရ လိုလို ၊နောက် တခါ ပြန် မခန့် ၊ ရာထူး မရ တော့ မဲ့ ၊ လူကြီး တွေ နဲ့ ဘဲဝန်ကြီးဌာန ၂ခု ၃ ခု ကို ၀န်ကြီးလိုလို ၊ စုပေါင်းဝန်ကြီး လိုလို နဲ့ ၊ဘတ် ဂျက် ရီယားအသစ် ၊ဖွဲ့စည်းပုံ အသစ် တွေ နဲ့ ခန ထား ခဲ့ ကြ မှာ တဲ့ ဂျ ။ဟို ရွေးကောက်ပွဲကြီး က တော့ နှစ်ကုန် ခါနီး ၂၀၁၀ ၊ ဒီဇင်ဘာ လ မှ လုပ် ကြမှာ တဲ့ခင် ဂျ။အဲ ဂ လို ကြား ရ တာ ဘဲ ခင် ဂျ ။
အခု တလော ၊ အစိုးရ က မီဒီယာ ကို သိပ် ဂရုစိုက် ပါတယ်။မီဒီယာ က ကြို ပြီး သတင်း ရေးတာ ၊ ဝေ ဖန် တာ လုပ် ရင် ၊ အဲဒီ သတင်းအတိုင်းလိုက် မလုပ်တော့ ပါဘူး ၊ မ တူ တဲ့ တ မျိုး ပြောင်း ပြီး လုပ် ပစ်လိုက်ပါတယ်။ဒါကြောင့် အပေါ် က သတင်း ကို ၊ အရေး မကြီး တဲ့ သတင်း လို ခလေး ပြောနည်းနဲ့ ၊ပေါ တော တော သတင်းဖြစ် အောင် ၊ စကား ကို ပီ သ အောင် မပြော လိုက်တာ ပါ။သီးခံ ဖတ်ရှု ကြပါ ခင်ဗျာ ။
ဗမာပြည် မှာ ဘီဘီစီ ၊ အာအက်အေ ၊ ဗွီအိုအေ ပုံမှန် စွဲစွဲ မြဲမြဲ နားထောင်တဲ့ပရိတ် သတ် က တော့ အစိုးရ ပါဘဲ ၊ ဒီ လို ရှိ သမျှ နားထောင် ပြီး ၊အစီရင်ခံစာ တွေ ၊နေ့စဉ် တင် ရတဲ့ ဌာန တွေ ကို ၂၀ လောက် ရှိပါတယ် ၊ ရှိ သမျှ လုံးစေ့ပါတ်စေ့အကုန်ရေးပြီး တင် လိုက် ရ တဲ့ အစီရင် ခံစာ က တနေ့ ကို ၃ ပိသာ အထက် မှာရှိပါတယ်။
ရှိ သမျှ ၀က်ဆိုဒ်တွေ ၊ သတင်းဌာန တွေ ဒီဗွီဗွီ ၊ ဧရာဝတီ ၊ မိုးသီးဇွန် ၊နစ်နေမန်း ၊ခေတ်ပြိုင် ရှိ သမျှ အကုန်ဖတ် ဘို့ ၊ သတင်းတပ်ဖွဲ့ တွေ တောင် တာဝန်ပေးထားပါတယ်။ဖိုရမ်တွေ ဘလောက် တွေ ကို လဲ ဒီ အတိုင်းပါဘဲ ၊ဒီ လို မြန်မာ ကျူးပစ် ဇိုရမ်ကြီး ကို မဆိုထား နဲ့ ၊ ၀ါသနာ ပါလို့ ကိုယ့်စိတ်ကြိုက် ကိုယ်ရေးနေကြတဲ့ ပါစင်နယ် ဘလောက် အသေး လေး တွေ ကို ပါ အကုန်ဖတ် ပြီး ကူးပါတယ်။
ဝန်ထမ်း တွေ နဲ့ ပါတ်သက်လို့ ဘီဘီစီ မှာ သတင်း ပြောတာ ကြေငြာတာတွေ ပါလာရင်ပြန်လှန် လျောက်လဲ ချက် မရှိ ၊ သေ ပေ တော့ ဘဲ ၊ ဒီ ကောင် ကို ဖြုတ် ပစ်လိုက်တော့တွေ့ လား ၊ ဟို မှာ ဘီဘီစီ က တောင် ပြော နေပီး ၊ တန်း ပြီး ၊အရေးယူတော့တာပါ။ဘီဘီစီ က လဲ သူ့ ထံ ရေး လာ တဲ့ စာ တွေ ကို ဖတ်ပြယုံ ဘဲ ဖတ်ပြတာပါ။ဘီဘီစီ က လဲ ဒီ မြန်မာပြည် မှာ နေတာ ၊ ကိုယ်တိုင်တွေ့ တာ မှ မဟုတ်တာ ပါ။
ဒီကနေ့ ၊ သတင်းစာ နောက်ကြော တွေ မှာ စာလုံး အကြီးကြီးတွေ နဲ့ဘီဘီစီ ညာနေသည်။ အာအက်အေ ရန်တိုက်ပေးနေသည်။ ဗွီအိုအေ ဘာ ဖြစ်နေသည်လို့ သာ တခန်း တနား ရေးထားတာပါ ၊ လက် တွေ့ ကျ တော့ ၊ဟို က ဘာ သတင်း ကို ဘဲ ပြော လိုက် ၊ ပြော လိုက် ၊ဒီ က လူတွေ ၊ အစိုးရ မင်း တွေ ၊ က သဲ သဲ လှုပ် ဖြစ် နေ ကြ တာ ပါ ဘဲ ၊ ခင်ဗျာ ။
ကျွန်တော် တို့ ဆီ က တချို့ လူတွေ က လဲ မကောင်း ဘူး ခင် ဗျ။ကိုယ့် ရွာ က ကျောင်း ဆရာ ကို ကြည့် မရ ရင် ဘီဘီစီ ကို စာ ရေး ၊ကိုယ့် မြို့ က မြူ နီ စပါယ် မင်း ကေု ဆော် ချင် ရင် လဲ ဘီဘီစီ ကို လှမ်းအော်လိုက် နဲ့၊အတော် လဲ ဟုတ် နေ ကြ ပေါ့ ဗျာ။အင်း ပေါ့ လေ ၊ ကိုယ် ပြည် တွင်း က ရ နိုင် တဲ့ သတင်း က လဲ မယုံ ရဆိုတော့ဟော ဒီ မှာ ၊ ဘီဘီစီ မှာ ပါ လာ ပီ။ အာအက်အေ က တောင် ပြော နေပီ ၊အင်တာနက် ပေါ် မှာ ရေး ထား တယ် ဆိုတာ နဲ့ အရင် ဆုံး က ၊ ဟုတ် နိုးနိုးထင်ရတော့ ပါ။
အင်း ရွေးကောက်ပွဲ သတင်း ရေးရင်း နဲ့ ၊ငယ်ငယ်တုံး က စီးခဲ့ ရတဲ့ဘတ်ကားကြီးတွေသတိရ မိ ပါ တယ် ဗျာ ၊ ဘတ်ကားကြီး တွေ ဆိုတာ ၊ ကျွန်တော် တို့ပါတ်ဝန်းကျင်မြို့ အချင်းချင်း ၊ သိပ် မဝေးပါဘူး ၊ ၁၅ မိုင် ၀န်းကျင်လောက် ဘဲ ပြေး တာပါ။ကား ခေါင်း မှာ ( သတိ ၊ ဆီ လေ ရေ ၀ိုင် ) ၊ ဒါ က ဒရိုင်ဘာ နဲ့ စပယ်ယာအတွက် နေ့စဉ် စစ်ဆေးဘို့ သတိပေးထားတာပါ။
ခရီးသည် အတွက် က တော့ ( ထ သွား ပြန် ကြည့် ၊ သတိရှိ )( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျ။ဘတ်ကားကြီး တွေ က အဟောင်းတွေ ဆိုတော့ ၊ ကား က ယိုင် နဲ့ နဲ့အင်ဂျင် က ဖွတ် ချက် ဖွတ် ချက် ၊ တာ ယာ က အဟောင်း ၊ ဂီယာ က ဒုတ်ထောက်ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊လမ်း မှာ ကား က ခန ခန ပျက် လွန်း လို့ မကြာ ခန ရပ် ရ ပါတယ်။
ဒရိုင်ဘာတွေ အယူသီး တာ က ခရီးသည် က ဘယ် အချိန် ရောက် မလဲ မေးတာ ကိုဖြေလိုက်မိရင် ၊ အဲဒီ အချိန် ကို ၊ ဘယ် တော့ မှမရောက် တော့ ပါဘူး၊ ဒီထက်နောက် ကျ ပြီး မှ ရောက် တတ် ပါတယ် ၊ ဒရိုင်ဘာ ယူဆ တာက ၊ ရောက် မဲ့ အချိန်ကို နတ် တွေ က သိသွား လို့ ၊ မရောက် နိုင် အောင် ၊ ကား ကို နတ် က ပျက်အောင် လုပ်ပြီး ၊ နတ် လှည့် စား တာ ခံ ရ တယ် လို့ အ ယူ သီး ကြ ပါတယ်။ခု အချိန် ထိ ၊ အညာ မှာ ဘတ်ကား စီး လို့ ၊ ဘယ် အချိန် ရောက် မှာ လဲမေးမိ ရင်၊ဒ ရိုင် ဘာ က ဒီ လို ရောက်ချိန် ၊ လာမေး တဲ့ ခရီးသည် ကို ၊ ဒေါ ပွ လို့ ၊မဆုံး ပေါ့ ဗျာ။
ခု လဲ ၊ ရွေး ကောက် ပွဲ ၊ ဘယ် အချိန် လုပ် မှာ လဲ ၊ မ မေး ၀န့် တော့ ပါခင် ဗျာ ။ကား က ယိုင် နဲ့ နဲ့အင်ဂျင် က ဖွတ် ချက် ၊ ဖွတ် ချက် ၊တာ ယာ က အဟောင်း ၊ဂီယာ က ဒုတ်ထောက်ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျား ။
To:myanmarcupid.net <http://myanmarcupid.net/> မှ ခွင့်မတောင်းဘဲ ကူးယူဖော်ပြသည်။
