
ကြယ်ကြွေသက်သေ
တစ်ထောင့်ကိုးရာ
ရှစ်ဆယ်နှင့်ရှစ်
ထိုသက္ကရာဇ်တွင်
ကြယ်ပွင်လေးများ
ဖြုတ်ဖြုတ်သက်ကြွေ
ရော်ရွက်လေလား
လွင့်ပါးမျက်ကွယ်
ပြုခဲ့ကြသည်။
နှိမ့်ကွက်ခံရ
ကြိမ်ဖန်များသော်
အညတရလေ
ငွေကြယ်ပွင့်များ
မှေးမှိန်သွားသည်
အဆုံးဘယ်သို့
ရှိလိမ့်မည်နည်း။
တလွင့်လွင့်လူ
ညွန့်ဖူးကလေးများ
သေကံမရောက်ခင်
သက်ပျောက်ရသည်
အို....ဘယ့်နိုင်ငံ ကြီးပါလဲ။
ဤအတိုင်းသာ
ကြယ်ပွင့်လေးများ
စောစီးလွင့်ကြွေ
မပြုခဲ့လျှင်
ယခုချိန်ဆို
တောက်ပနေမြဲ
သာနေကြမယ့်
တိုင်းကျိုးပြည်ပြု
တာရာစုများ
မလွဲဧကန်
ဖြစ်မည်မှန်ပ။
ဓာတ်ပုံပါ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော အာဇာနည် ကျောင်းသူကလေး မဝင်းမော်ဦးနှင့် ဆရာဝန်နှစ်ဦးဖြစ်သည့် ဒေါက်တာစောလွင်နှင့် ဒေါက်တာမင်းသိန်း တို့ ရဲ့ ပုံဖြစ်ပါသည်။ အသေးစိတ်ကို ဧရာဝတီသတင်း၊ ကိုနစ်နေမာန်း၊ မမေအိခင်၊ မငယ်နိုင် တို့ဆီမှာ သွားရောက်လေ့လာနိုင်ပါတယ်။
No comments:
Post a Comment