Wednesday, 25 November 2009

ငြိမ်းချမ်းရေးဗိသုကာဦးသန့် 




နိုဝင်ဘာ ၂၅ရက်နေ့ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့ မှာမွေးဖွားခဲ့ပါတယ်။ ၁၉၂၈ မှာ ပန်းတနော်မှာ ကျောင်းဆရာပြန်လုပ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အတွင်းရေးချုပ် Dag Hammarskjold(Sweden) ကွန်ဂိုနိုင်ငံကို အသွားလေယာဉ်ပျက်ကျ ကွယ်လွန်ရာ ဦးသန့်ဟာ အများသဘောတူရွေးချယ်ချက်နဲ့ နိုဝင်ဘာလမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။ သူ့ ရဲ့ ပထမသက်တမ်း (၁၉၆၁-၁၉၆၆) ကျူးဘားဒုံးပျံ အကြပ်အတည်းနဲ့ ကွန်ကိုပြည်တွင်းစစ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ၁၉၆၆မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ဖို့ အရွေးခံခဲ့ရပြီး ၁၉၇၁ မှာ ရာထူးမှ အနားယူခဲ့ပါတယ်။ဦးသန့်ဟာ အသက်၆၅နှစ်အရွယ် ၂၅ရက် နိုဝင်ဘာ ၁၉၇၄ခုနှစ်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတယ်။ယနေ့ဟာ မြန်မာတို့ရဲ့ ဂုဏ်ဆောင် ငြိမ်းချမ်းရေးဗိသုကာကြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ကွယ်လွန်ခဲ့တာ ၃၅နှစ်သက်တမ်းရှိခဲ့ပါပြီ။ဦးသန့်ကို မှီခဲ့တဲ့သူတွေကော၊ မမှီခဲ့ မသိခဲ့သူများအတွက် ကော သူ့ရဲ့ပုံရိပ်များကို ပြန်လည်တင်ပြလိုက်ရပါသည်။

ဦးသန့် အရေးအခင်း

ဦးသန့် ဟာ၁၉၇၄ခု နိုဝင်ဘာ ၂၅ရက်နေ့ မှာ နယူးယောက်မြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှာ ဦးသန့်ရုပ်အလောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဦးသန့်ရဲ့ဂုဏ်သိက္ခာနဲ့ ထင်ပေါကျော်စောမှုကို မနာလိုတဲ့ ဦးနေဝင်းအစိုးရဟာ ဦးသန့်ရဲ့ရုပ်အလောင်းကို ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ပြီးစလွယ်ထားကာ ထိုက်တန်တဲ့အခမ်းအနားမပါပဲ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သချိင်္ုင်းမှာ သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မယ်လို့ ယူဆနေတဲ့ ကျောင်းသားထုဟာ ပေါက်ကွဲပါတော့တယ်။

ကျောင်းသားများ ဦးဆောင်သည့် ရဟန်း ရှင်လူပြည်သူ အပေါင်းက ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့မှာ ဦးနေဝင်းအစိုးရက ဒိုင်းနမိုက်ဖောက်ဖျက်ဆီးခဲ့တဲ့အဆောက်အဦး) နေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့လုပ်ကြတယ်။ ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား များနဲ့  Civil ကျောင်းသားများက ပုံဆွဲပြီး ဦးသန့်အုတ်ဂူနဲ့ ယာယီဂူဗိမာန်ကို ကျောင်းပေါင်းစုံမှ ကျောင်းသားများက စတင်ဆောက်လုပ်ပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းပါတော့တယ်။ ကျောင်းသားတချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးတဲ့ ရုပ်ကလပ်ကို ထုတ်ယူသွားပါတော့တယ်။

နေဝင်းအစိုးရရဲ့ရက်စက်မှုကို မကျေနပ်တဲ့ ပြည်သူတချို့ ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်လစ်ပါတီယူနစ်များ၊ရဲစခန်းများနှင့် ရုပ်ရှင်ရုံအချို့ကိုတန်ပြန်မီးရှို့တိုက်ခိုက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာသေနတ်သံတွေဆူညံသွားခဲ့ပါတယ်။ဦးနေဝင်း အစိုးရဟာ တင့်ကားတွေနဲ့ လှည့်လည် စစ်ရေးပြခဲ့ ကြပါတယ်။

နောက်ဆုံးမှာတော့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကန်တော်မင်ပန်းခြံမှာ မြှုပ်နှံလိုက်ပါတယ်။

ဦးသန့်၏ ပုံရိပ်များ

ဦးသန့်  ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာ






မြန်မာတို့၏ ဂုဏ်ဆောင်


ဦးသန့်အတွက် ဂုဏ်ပြုတဲ့ ဝပ်ဆိုဒ်

ဦးသန့်ဝပ်ဆိုဒ်



ဦးသန့်အရေးအခင်းစာအုပ် (စက်မှုတက္ကသိုလ်စိုးဝင်း) ဒီမှာ ဒေါင်းယူပါ။

No comments:

Post a Comment