Monday, 14 September 2009

ကမ္ဘာမကြေဘူး

ကမ္ဘာမကြေဘူး

ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့ရေ
အာဇာနည်တွေ နေတဲ့တိုင်းပြည် …
ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့ရေ
အာဇာနည်တွေနေတဲ့တိုင်းပြည် … ရဲရဲတောက် ဒို့ပြည်သူတွေ
ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
သြော် … လုပ်ရက်ကြပေ
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ … အတုံးအရုန်း လဲပြိုကာနေ
ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
သြော် … လုပ်ရက်ကြပေ
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ… အတုံးအရုန်း လဲပြိုကာနေ
ညီအကိုတော်တို့ … ပေတရာပေါ်မှာ စီးတဲ့သွေးတွေမခြောက်သေးဘူး
မတွေဝေနဲ့ … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် … သူရဲကောင်းတို့လို
ခိုင်မာပီပြင် တော်လှန်ပြစ်မလေ ….
အမျိုးချစ်တဲ့ ဒို့ဇာနည်တွေ (ဒို့ ပြည်သူတွေ)

1 comment:

  1. သိပ်ကျေးဇူးတင်တယ်ဗျာ...
    ကြိုက်လွန်းလို့လိုက်ရှာနေတာကြာပြီ...
    ဒီထက်ပိုပြီး အများကြီး စွမ်းဆောက်နိုင်ပါစေ...
    အောင်မြင်ပါစေ...
    ပြည်သူအများ အဖြစ်မှန်ကို ရင်ထဲအထိ နားလည်နိုင်ကြပါစေ...

    ReplyDelete